Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 5 May 2012

“ယောက်ျားတို့ ၏ မပြောင်းလွဲတတ်သော အချစ်”

“ယောက်ျားတို့ ၏ မပြောင်းလွဲတတ်သောအချစ်”

ပြုံးစရာလေးတင်ပြလိုက်ဦးမယ်။အပျင်းပြေကြရအောင်။


စကားကိုပေါက်ပေါက်ရှာရှာပြောတတ်တဲ့၊ပျော်တတ်တဲ့။အတွေးအခေါ်ထူးခြားဆန်းကြယ်တဲ့ထူးထူးဆန်းဆန်း
သူငယ်ချင်းတယောက် တခါကပြောဘူးတာလေးကိုပြန်ပြောပြမှာနော်။

ဟာဟ..တော်တော်ကြာကိုထူးဆန်း တို့ မြေးအဖိုးတွေကိုအထင်လွဲကုန်ကြမှာစိုးလို့် စကားခံထားတာ။


သူကတခါကပြောဘူးတယ်ဗျ။ "မိန်းကလေးတွေက ငါတို့ယောင်္ကျားလေးတွေရဲ့အချစ်ကို တသမတ်တည်းမ
တည်တန့်ဘူး။အလွန်ပြောင်းလဲတဲ့အချစ်တွေလို့ ပြောတာ သူလုံးဝမကျေနပ်ပါဘူး" ဆိုပဲ။ အဲလိုလုံးဝမဟုတ်
ဘူးဆိုတာကိုပြန်လည်ချေပဖို့ ကိုသူ့ မှာခိုင်လုံတဲ့အထောက်အထားတွေရှိပါတယ်တဲ့။


သူပြောပြတာက သူလူပျိုပေါက် အသက် ၁၄-၁၅ အရွယ်မှာ အပျိုးကြီးဖါးဖါးကြီးတွေဖြစ်နေတဲ့ အသက် ၂၀
လောက်မမကြီးတွေကိုသာသဘောကျခဲ့ပါသတဲ့။ သူနဲ့ ရွယ်တူကောင်မလေးတွေကိုမကြိုက်ပါဘူးတဲ့။

အဲသူအသက်၂၀လောက်ရောက်လာတော့လည်းသူနဲ့ချစ်ခဲ့တဲ့သူ့ချစ်သူဟာသူနဲ့ရွယ်တူအသက၂၀်လောက်ပါပဲတဲ့။
အဲသည်ချစ်သူနဲ့လွဲခဲ့ကြပြီးတဲ့နောက်နှစ်အတော်ကြာသွားပြီးသူအသက်၂၆-၂၇လောက်ရောက်လာတော့ချစ်သူ
အသစ်ရှာမလို့လျှောက်လေ့လာကြည့်လိုက်တဲ့အခါကျတော့လည်းသူအဲဒီအသက်၂၀လောက်အရွယ်ကောင်မလေး
တွေ ကိုပဲ မျက်စေ့ကျခဲ့တာပါပဲတဲ့။သူနဲ့ရွယ်တူတွေကိုသိပ်စိတ်မ၀င်စားပါဘူးတဲ့။


သူအဖေအသက် ၅၀ ကျော်ကြီးကလည်း အရပ်ထဲကအဲဒီအရွယ်ကောင်မလေးတွေကိုဆိုရင် ဦးလေးရေ၊
အန်ကယ်ကြီးရေ၊ သမီးပိုက်ဆန်ပြတ်နေလို့ ပိုက်ဆန်နဲနဲလောက် ချေးပါ၊အတိုးပေးပါ့မယ်၊ဘယ်နှုန်းယူမလ
ဲပြောပါဆိုရင်ဘယ်လောက်ချေးချေးအတိုးကတော့ပုံသေ ၁၅၀၀ ပဲလို့နောက်တတ်ပါသတဲ့။တကယ်ချေးတော့
လည်း(သူ့အမေမသိအောင်) ဘာအတိုးမှမယူပဲနဲ့ချေးလိုက်တာပဲတဲ့။ပြန်မဆပ်နိုင်ရင်လည်းဘယ်တော့မှလိုက်မ
တောင်းပါဘူးတဲ့။


သူ့အဖိုးအသက်၇၀ ကျော်ကြီးကလည်းအကြောင်းကိစ္စတခုခုကြောင့်အဲဒီအရွယ်ကောင်မလေးတွေအိမ်ကို
 ရောက်လာခဲ့ရင်ရေခဲသေတ္တာထဲက ကြောင်အိမ်ထဲက ရှိသမျှမုန့်တွေကို အတင်းထုတ်ကျွေးတာပဲတဲ့။ တခါ
တလေများအဖွားဆာလိုစားချင်ရင်တောင်စားစရာမရှိဖြစ်တတ်ပါသေးသတဲ့။


"အဲဒီတော့ စဉ်းစားကြည့်လေကွာတဲ့။ ငါတို့ယောင်္ကျားတွေဟာ ကိုယ်ဘယ်အသက်ဘယ်အရွယ်ပဲ
ရောက်ရောက်အဲဒီအသက် ၂၀ လောက်အရွယ်မိန်းကလေးတွေကိုပဲတသမတ်တည်းချစ်နေကြတာ
မဟုတ်လားတဲ့။ဘယ်မှာပြောင်းလဲသွားလို့လဲကွာ" တဲ့။


"အဲဒါကိုများမိန်းကလေးတွေကလျှာရိုးမရှိတိုင်းစွပ်စွပ်စွဲစွဲပြောတတ်ကြသေးတယ်၊

ယောင်္ကျားတွေအချစ်ကတစ်သမတ်တည်းမတည်တန့်ပဲပြောင်းလဲတတ်ကြတယ်" လို့တဲ့။


ကိုင်း ဘယ်နှယ့်ရှိစ။


သူပြောတော့လည်းဟုတ်သလိုလိုပဲနော်

ခင်ဗျားတို့တတွေရဲ့အချစ်တွေကရော အဲသည်လို တသမတ်တည်းတည်တည်တန့်တန့်မှဟုတ်ကြရဲ့လားဗျာ။

တော်တော်ကြာ နံမယ်ပျက်မယ်နော်။


လေးစားစွာဖြင့်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့