ယာဉ်နံပါတ်နဲ့ ရင်နံပါတ်
------------------------------
-----------------
“ဟဲလို ဟဲလို ကျမကို ကူညီပါရှင်
ပလာဇာမှာဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကို
ပြန်လာတာ ကားပေါ်မှာ အ၀တ်အစားတွေ
ပါသွားလို့ အင်္ကျီတွေက တထည်ကို သုံးသောင်း
လောက်တောင် တန်တယ်ရှင့်”
“ဟုတ်ကဲ့ ကူညီပြီးရှာပေးပါ့မယ်
ဒါ့ထက် ယာဉ်နံပါတ် မသိရဘူးလား ခင်ဗျာ”
“သိပါတယ်ရှင် ရင်၃၆ ၊ ခါး၂၂ ၊ တင် ၃၈
ရှိပါတယ်ရှင်”။
+++++++++++++++++++++++
အာဂယောက္ခမ
------------------
“ဟင်.....ခိုးရာလိုက်တယ်လည်းဆို
သေး
ဘာမှလည်းယူမလာပါလား ”
“ဒီည တစ်ညတည်းပဲ ကိုကိုရယ် ဘာယူရ
ဦးမှာလဲ ။မေမေက မှာလိုက်တယ် ခိုးပြေးတယ်ဆို
တာ စတိလောက်ဆိုတော်ရော့ပေါ့တဲ့ မနက်ကျရင်
နှစ်ယောက်စလုံး စောစော ပြန်လာကြတဲ့ ကိုကို့
ကို ခိုင်းစရာရှိတယ်တဲ့ ”။
++++++++++++++++++++++++++
ဘယ်သူ့လက်ချက်လဲ
----------------------
“တောက်....နာသကွာ ရုပ်ရှင်ရုံထဲမှာ
ဒီလောက် မီးပျက်မယ်မှန်း သိရင် အချစ်ရဲ့
မျက်နှာလေးကို တ၀ကြီး နမ်းပစ်တာပေါ့
အခုတော့ မီးကပြန်လာနေပြီ”
“ဟင်....ဒါဖြင့် မီးပျက်တုန်းက နမ်းတာ
ကိုကို မဟုတ်ဘူးပေါ့နော် ။”
+++++++++++++++++++++++++++++++
ကင်မရာ မ၀ယ်နိုင်သူမို့
------------------------
“ဟိုလူကြီးဟာ ကန်တော်ကြီးစောင်းမှာထိုင်ပြီး
ပုံဆွဲနေတာဘာလုပ်ဖို့လည်း ဖေဖေ”
“အဲဒါ ရှုမျှော်ခင်းပုံကို ပန်းချီဆွဲနေတာ သားရဲ့
ကင်မရာမ၀ယ်နိုင်တော့လည်း ခုလိုပဲ အပင်ပန်း
ခံရတာပေါ့သားရယ် ။”
++++++++++++++++++++++++++++++++++++++++

ကြောက်လို့ပါ
သမီးဖြစ်သူကိုကောင်လေးတစ်ယောက်ဖက်နမ်းနေသည်ကိုအမေကတွေ့သောအခါ
ညည်းကိုဟိုကောင်ဖက်နမ်းသွားတယ်မှတ်လား
ဟုတ်ပါတယ်မေမေ
ညည်းကငြိမ်ခံနေတယ်ပေါ့ ဘာလို့မအော်တာလဲ
အော်မလို့ပါပဲမေမေသူကခြိမ်းခြောက်လို့ပါ
ဘယ်လိုခြိမ်းခြောက်လဲမြန်မြန်ပြောစမ်းပါအေ
အော်ရဲအော်ကြည့်တဲ့နောင်ကိုမနမ်းတော့ဘူးတဲ့
အိမ်လဲမလာတော့ဘူးတဲ့
........
သေချာပါတယ်
ရှင်မနေ့ကအိမ်ကအဖေနဲ့တွေ့ပြီးမှကျွန်မနဲ့လက်ထပ်ဖို့မဖြစ်နိုင်တော့ဘူးလို့အသေအချာပြောတာလဲ။
မင်းကိုမရရင်ကိုယ်သေရပါလိမ့်မယ်လို့ပြောတော့မင်းအဖေကအသုဘစရိတ်ထုတ်ပေးပါ့မယ်တဲ့
ကတိပေးပါတယ်တဲ့
.............
မေ့တတ်နေလို့ပါ
လိပ်ကလေးနှစ်ကောင်မေတာမျှနေကြရာလိပ်မလေးကလက်ထပ်ရန်ပြောသဖြင့်လိပ်ထီးလေးလဲ
မိဘများအကြောင်းကြားရအောင်ဇာတိမြေသိုပြန်သွားလေသည်
3နှစ်ခန့်ကြာသောအခါလိပ်ထီးလေးပြန်ရာက်လာသည်လိပ်မလေးကမေးသည်။
နင့်မိဘတွေမပါပါ့လားဟ
မဟုတ်ဘူးဟလမ်းတစ်ဝက်ရောက်မှနင့်အိမ်မှာဦးထုပ်ကျန်ခဲ့လို့ပြန်လာယူတားးးးးးး)
..................................
သိပ်ချစ်လို့
လင်မယားနှစ်ယောက်ရန်ဖြစ်နေကြသည်။
မိန်းမဖြစ်သူက
နင်သာငါ့ယောင်္ကျားအဖြစ်ဆက်နေရင်နင့်ကိုထမင်းထဲအဆိပ်ခတ်မယ်
ယောင်္ကျားက
နင်သာငါ့မိန်းမအဖြစ်ဆက်ရှိနေဦးမယ်ဆိုရင်နေ့တိုင်းနင်ချက်တဲ့ထမင်းပဲစားမယ်
.............
ပြန်ခံရမယ့်ဝဋ်
နယ်စားနဲ့ရဲရင့်တို့ကော်ဖီဆိုင်တွင်တွေ့ကြရာ
နယ်စား။ ။ဟေးကောင်ကြီးမျက်နှာမကောင်းပါ့လားကွ
ရဲ ။ ။ငါ့မိန်းမငှက်ကလေးကငါ့ကိုစိတ်ဆိုးလို့ရက်သုံးဆယ်စကားမပြောဘူးတဲ့ကွ
နယ်စား။ ။ဒါများကွာပြန်ချော့လိုက်ရင်ပြေသွားမှာပါ
ရဲ။ ။မဟုတ်ဘူးကွဒီနေ့ကသူစိတ်ဆိုးတာရက်သုံးဆယ်ပြည့်တဲ့နေ့
................
သေချာတာတော့
မိထက်နဲ့အမဲရောင်တို့ဖုန်းပြောနေကြသည်
မဲ။ ။ကိုယ်မင်းနဲ့ချိန်းတွေ့ပြီးထဲကဘာမှမစားနိုင်တော့ဘူး
ထက်။ ။ဘာဖြစ်လို့လဲ
မဲ။ ။ပိုက်ဆံမရှိလို့
.................
သူငယ်ချင်းကောင်း
မောင်ငယ်သည်သူ့မိန်းမပိုးအိကိုသိပ်ချစ်လေသည်။
တစ်နေ့တော့မောင်ငယ်ခ၇ီးတစ်ခုထွကိရမည်ဖြစ်သဖြင့်ပိုးအိကိုစားစရာအပြည့်အစုံနဲ့အိမ်ထဲမှာသော့ခတ်ထားခဲ့ပြီး
သော့ကိုအိမ်နီးချင်းအချစ်ဆုံးသူငယ်ချင်းနိုင်မင်းထွန်းထံအပ်နှံခဲ့သည်
နိုင်။ ။စိတ်ချသူငယ်ချင်းမင်းမိန်းမနားယင်ကောင်တစ်ကောင်တောင်မသီစေရဘူး
မောင်ငယ်ကားဂိတ်သို့အရောက်တွင်နောက်မှနိုင်မင်းထွန်းအမောတကောပြေးလိုက်လာသည်
အနားရောက်သောအခါ
နိုင်။ ။သူငယ်ချင်းမင်းပေးတဲ့သော့ကမှားနေတယ်ကွ။။။။းး)
................
နောက်မှပေါ့
မြတ်နိုးသည်ချစ်တတ်သူ၏အဖေထံလာပြီး
ဦးရယ်ဦးသမီးကိုကျွန်တော်လက်ထပ်ပါရစေ
မောင်ရင်အရက်ကလေးဘာလေးသောက်တတ်လား
အရက်ကိုနောင်မှတိုက်ပါဦးရယ်ကျွန်တော့တောင်းဆိုချက်ကိုအမိန့်ရှိပါဦး
..............
အရင်
လေပြေစနိုး။ ။တို့ကိုချစ်ရဲ့လား
သူတော်။ ။ချစ်တာပေါ့
လေပြေ။ ။တို့သေရင်ငိုမှာလား
သူတော်။ ။ငိုမှာပေါ့
လေပြေ။ ။ဘယ်လောက်ငိုမလဲငိုပြ
သူတော်။ ။အရင်သေပြလေ။။။။။း)
.................
အချိန်ကို
စော်ဘွားရှင်းလူသည်လခြမ်းလေးသမီးပိတောက်ကိုသွားတောင်းသည်
ရှင်း။ ။ခင်ဗျားသမီးကိုကျုပ်နဲ့ပေးစားရင်သူ့ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ရွှေတွေပေးမယ်.သဘောတူလား
လ။ ။အချိန်နည်းနည်းပေးပါ
ရှင်း။ ။ဘာလုပ်ဖို့လဲ
လ။ ။သမီးလေးကိုသူများဆီမပို့ရခင်မှာ၀၀ဖြိုးဖြိုးဖြစ်လာအောင်သူစားချင်တာလေးတွေ၀၀ကျွေးချင်လို့ပါ။
......................................
အမ်စီတစ်ယောက်အိမ်မက်
အိမ်မက်ထဲတွင်နတ်သားလေးသည်သူ့ကိုတယုတယထွေးပိုက်ပြီးကောင်းကင်ပေါ်သို့ပျံတက်ခဲ့သည်
ထို့နောက်နတ်ဘုံကြီးတစ်ခုအတွင်းမှဖဲမွေ့ရာကြီးပေါ်တွင်အသာအယာချလိုက်ရာအမ်စီက
ရှင်ကျွန်မကိုဘာအကြံနဲ့ခေါ်လာတာလဲပြော
ထိုအခါနတ်သားက
ဒါကတော့မင်းဖြေလေမင်းအိမ်မက်ပဲဟာ
....................................

ဂုဏ်ပြုစာတမ်း
=============
တစ်ခါတုန်းကအမျိုးသမီးနှစ်ယောက်
ဟာနိုက်ကလပ်တစ်ခုကိုသွားကြသတဲ့.
..
ဖြစ်ချင်တော့အဲဒီနေ့မှာပဲဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့
အခမဲ့သောက်သုံးခွင့်ပေးတာနှင့်
ကြုံနေပါရော...။ဒါနဲ့အမုန်းကဲပြီးအပီသောက်လိုက်ကြပါသတဲ့မူးမူးနဲ့
လမ်းလျှောက်အပြန်လမ်းမှာ
ရူးရူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။ဒါနဲ့ဘေးဘီကိုကြည့်လိုက်တော့
သင်ချိုင်းတစ်ခုတွေ့ပါသတဲ့။
ပထမအမျိုးသမီး။ ။ဒီထဲမှာလူရှင်းတယ် ၀င်ပေါက်လိုက်ကြရအောင်...။
ဒုတိယအမျိုးသမီး။ ။ကြာသလားလို့လုပ်လိုက်လေ...။
အဲဒီလိုနဲ့မူးမူးနဲ့ရူးရူးပေါက်လိုက်ကြတာ
ခြေထောက်တွေစိုစိုရွှဲကုန်ပါလေရော။
ပထမအမျိုးသမီးကတော့
သူ့မှာဝတ်လာတဲ့အတွင်းခံဘောင်းဘီကိုချွတ်ပြီးသန့်ရှင်းရေးလုပ်ကာ
ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။
ဒုတိယအမျိုးသမီးမှာတော့ သူယောင်္ကျားဝယ်ပေးလိုက်တဲ့အသစ်ဂျပ်ချွတ်လေးဆိုတော့
မလုပ်ရက်ဖူးဖြစ်နေတယ်..ဒါနဲ့
အုတ်ဂူပေါ်မှာတွေ့တဲ့အနီေ၇ာင်ဖဲကြိုးပြားတစ်ခုကိုယူပြီး
သန့်ရှင်းရေးလုပ်ခဲ့ပါတယ်..။ ဖြစ်ချင်တော့ကိစ္စတွေပြီးလို့
ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာဖဲကြိုးအနီလေးဟာ
ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော...။
ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲ
သူတို့ရဲခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ
ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့ ။
ပထမခင်ပွန်း။
။ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဟေ..။ဒီနေ့ငါ့မိန်းမပြန်လာတော့
အတွင်းခံဘောင်းဘီပါမလာဘူးကွာ...တစ်ခုခုတော့တစ်ခုခုပဲ။
ဒုတိယခင်ပွန်း။ ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင်ရူးချင်နေပြီ။
ငါ့မိန်းမပြန်လာတော့ဂုဏ်ပြုစာတန်းတောင်ပါလာသေးတယ်။
ဘာတဲ့ “ခင်ဗျားကိုကျုပ်တို့တပ်စုတစ်ခုလုံးကမှတ်မှတ်ရရရှိနေမှာပါ“
တဲ့ကွာ။
(၁)
အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။….။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား…
အမျိုးသမီး။….။ မိခင်နို့ပါ။
ဆရာဝန်။….။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။…။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။….။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က “ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့” လို့ ပြောတော့ အမျိုးသမီးက
“ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ” လို့
ဒေါသတကြီး ပြန်အော်လိုက်တယ်။
(၂)
ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
“ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့” လို့
ပြောတော့ ဆရာဝန်က “ ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား
ဆေးလိပ်မသောက်နဲ့” လို့ ပြန်ဖြေသတဲ့။

ဖတ်ဖူးသမျှလေးတွေကိုပြန်လည်ဝေမျှပေးလိုက်ချင်းဖြစ်ပါသည်
မရီရင်တော့ပိတ်လိုက်ကြပါဗျာရီရင်တော့မှတ်ချက်လေးပေးသွားခဲ့ကြပါနော်
သူငယ်ချင်းများအားလုံးပျော်ရွှင်နိုင်ကြပါစေ
No comments:
Post a Comment