Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

အချစ်

အချစ်ဆိုတာက ဘာလဲ။ အချစ်ဆိုတာ ဘယ်လို အရာမျိုးလဲ။ အချစ်က ဘာတွေ ဖြစ်လာနိုင်စေလဲ။
သူငယ်ချင်းတို့ရော အချစ်ဆိုတဲ့ အကြောင်းအရာကို တွေးမိဖူးလား။

တကယ်တော့ အချစ်ဆိုတာ ပြောပြလို့ မရနိုင်တဲ့ စိတ်ခံစားမှုတစ်ခုပါ။အင်မတန်လည်း ဆန်းကြယ်တဲ့အရာပါ။
အချစ်ကြောင့် အသက် ရှင်နိုင်တယ်။ အချစ်ကြောင့်သေဆုံးနိုင်တယ်။ အချစ်ကြောင့်လည်း ၀မ်းသာရတယ်။ အချစ်
ကြောင့်ဝမ်းနည်းရတယ်။ အချစ်ကြောင့် ဖြစ်နိုင်တဲ့ အရာတွေဟာ အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်
အချစ်ကို ခံယူချက်ချင်းက ဘယ်တော့မှ မတူနိုင်ပါဘူး။ လူတစ်ယောက်ကို ချစ်တာနဲ့ သူရဲ့ ခံယူချက်က တစ်မျိုးစီ
ဖြစ်လာတာပါ။ ဘယ်တော့မှလည်း တူနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုမှလည်း မတူနိုင်ပါဘူး။ ဘာကြောင့်လည်းဆို
တော့ ကျွန်တော်တို့ဟာ ခံစားတွေးတေားနိုင်တဲ့ လူသားတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် အချစ်မှာ တူညီမှု တစ်ခုတော့
ရှိပါတယ်။အဲတာက ဘာလည်းဆိုတော့ အကြောင်းပြချက် မရှိတာပါ။နည်းနည်းရှုပ်သွားမယ်ထင်တယ်။ ကျွန်တော်
ပြောချင်တဲ့စကားကတကယ်လို့ လူတစ်ယောက်ကို ချစ်မိပြီးဆိုတာနဲ့ မေးကြတော့တယ်။ မင်းဘာကြောင့်သူ့ကို
ချစ်တာလည်း။ ဘာကိုကြိုက်လို့ချစ်တာလည်း။ လှလို့လား၊ ချောလို့လား။မေးတတ်ကြပါတယ်။ ဖြေကြတဲ့သူတွေက
ရော ဘယ်လိုဖြေကြလဲ။ အမေးတစ်ခုမေးရင် အဖြေတစ်ခုတော့ ရှိတာပါပဲ။ ဒါပေမယ့် အချစ်နဲ့ပတ်သက်လို့ အဲဒီလို
မေးခဲ့ရင် ဘယ်လိုဖြေမှာလဲ။ ဖြေဖို့ အဖြေမရှိပါဘူး။ ကိုယ်လူတစ်ယောက်ကို ချစ်ခဲ့တာ ဘယ်လို ချစ်မိသွားတာလည်း
ဆိုတာ လူတိုင်းဘယ်လိုမှ မသိနိုင်ခဲ့လို့ပါ။ မြင်မြင်ချင်းချစ်မိသွားတဲ့ ဆိုတဲ့လူတစ်ယောက်ကို မေးကြည့်ပါ။
မင်းဘယ်လိုချစ်မိသွားတာလဲလို့မေးကြည့်လိုက်ပါ။ ဘယ်လိုချစ်မိသွားတယ်ဆိုတာ သူကိုယ်တိုင်မသိလိုက်မိဘူးလို့
ဖြေကြပါလိမ့်မယ်။ အဲတာက ကျွန်တော်အတော်များများကို မေးပြီးမှ ထွက်လာတဲ့အဖြေတစ်ခုပါ။တကယ်တော့ အချစ်
ဆိုတာ ဘယ်တော့မှအကြောင်းပြချက်မရှိပါဘူး။



အချစ်မှာ သံယောဇဉ်နဲ့တည်ဆောက်လို့ ရတဲ့အချစ်တွေရှိမယ်။
တစ်ချို့ယောင်္ကျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုတယ်။ ဒါပေမယ့် သူဟာ ဒီမိန်းကလေးကို
တကယ်မချစ်ခဲ့ပါဘူး။ သူ့အတွက် အပျော်ဆိုပြီး ချစ်ရေးဆိုခဲ့တာပါ။ အချိန်တစ်ခုကြာလာတဲ့အခါမှာ ယောင်္ကျားလေး
တွေဟာ သံယောဇဉ်တွယ်လာ တတ်ကြပါတယ်။မိန်းကလေးက သူ့အပေါ်မှာ လုပ်ပေးခဲ့တာတွေ၊ ပြောခဲ့တဲ့စကားတွေ၊
ပျော်ရွှင်မှုပေးခဲ့တာတွေက ယောင်္ကျားလေးတွေ ရဲ့စိတ်ကို ဖမ်းစားပြီး သံယောဇဉ်တွယ်လာတတ်ကြတာပါ။ အဲတာက
သံယောဇဉ်အချစ်တစ်မျိုးပါ။ ဒါပေမယ့် တကယ်အချစ်ထက် ဒီလို သံယောဇဉ် အချစ်မျိုးက ပိုပြီး ခိုင်မာတတ်ကြပါတယ်။
နာလည်းမှု၊ ခွင့်လွှတ်မှု၊ မြတ်နိုးမှုတွေနဲ့ တည်ဆောက်ခဲ့တဲ့အချစ်တစ်ခု ဖြစ်နေလို့ပါ။



အချစ်မှာ စိတ်ကစားတဲ့ အချစ်တွေရှိတယ်။
ဒီလိုအချစ်မျိုးက ကြာရှည်မခံတတ်ကြပါဘူး။ဆယ်သက်ကျော်အရွယ်တွေအနေနဲ့ အဖြစ်အများဆုံး အချစ်ပါ။ မိမိတို့
အရွယ်စရောက်တဲ့အချိန်မှာ ကိုယ်နဲ့ အနေနီးစပ်တဲ့လူတွေကို စိတ်ဝင်စားလာတတ်ကြပါတယ်။ စူးစမ်းချင်တဲ့စိတ်တွေ
လည်း များလာ တတ်ကြပါတယ်။အဲဒီလိုစိတ်မျိုးတွေကြောင့် အချစ်ကို စမ်းသပ်ချင်လာတတ်ကြတယ်။ အချစ်ဆိုတာ
ဘယ်လိုမျိုးလဲ။ဘယ်လို ခံစားမှု လဲ။ ဘယ်လို ပျော်ရွှင်ရတာလဲ ဆိုတာကို သိချင်လာတတ်ကြတယ်။ အဲဒီအချိန်မှာ
သူတို့အတွက် အကောင်းဆုံး လမ်းပြပေးနေတာက အချစ်ဝတ္ထုတွေပါ။ အချစ်ကိုသိရှိဖို့အတွက် အချစ်ဝတ္ထုတွေဖတ်
ကြတယ်။ ကဗျာတွေစာတွေဖတ်ကြတယ်။ အဲဒီလိုဖတ်ပြီးတဲ့အခါမှာ နောက်တစ်ဆင့်အနေနဲ့ စမ်းသပ်ချင်လာတတ်
ကြတယ်။ မိမိနဲ့နီးစပ်ရာကို ကြည့်လာတတ်ကြတယ်။ အဲဒီအချိန်မှာ ချစ်မိတဲ့အချစ်ဟာ အချစ်စစ်မဟုတ်ပါဘူး။
ဒါပေမယ့် တစ်ခါတစ်လေမှာ အဲဒီလို စိတ်ကစားပြီး ချစ်ခဲ့တာဆိုပေမယ့် တကယ်ချစ်မိသွားတဲ့အချစ်တွေ ရှိပါတယ်။
အကုန်လုံးကို ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ ချစ်မိတဲ့ အချစ်ဟာ စစ်မှန်မှု
မရှိတဲ့ အချစ်တစ်ခုပါ။




စာလည်းနည်းနည်းရှည်သွားပြီဆိုတော့ နောက်မှ ပဲ ထပ်ရေးပြီး တင်ပေးပါတော့မယ်နော်။ ကျွန်တော်အခု ကိုယ်ရေး
ကိုယ်တာကိစ္စ တစ်ခုကြောင့် ဒီဆိုဒ်ထဲကို မလာတာပါ။ကျွန်တော်ထွက်သွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်
မြန်မာချစ်သူမှာ ရှိတဲ့ ကျွန်တော်ခင်မင် လေးစားရတဲ့ သူတွေ အမလေပြေ၊ pooh လို့ခေါ်တဲ့ အစ်ကိုဝင်းမြတ်၊
လီလီ(Candle)၊ ကိုငယ်၊ cuite၊ ကိုရဲဂျာတို့က ကျွန်တော်ကို မထွက်ဖို့တားခဲ့တယ်။ ပြီးတော့ အမလေပြေ ပြောခဲ့တဲ့
စကားတစ်ခုကြောင့် မထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အမလေပြေက လူမှုရေးကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို မရောထွေး
မိစေနဲ့ငပြည့် တဲ့။ အဲဒီစကားကို သေသေချာချာစဉ်းစားရင်း ကျွန်တော်မထွက်ဖြစ်ခဲ့တာပါ။ ဟုတ်ပါတယ်။ အမလေပြေ
ပြောတဲ့ စကားမှန်ကန်ပါတယ်။ အမလေပြေရေ နောက်တစ်ခါ ကျွန်တော် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ လူမှုရေးကိစ္စတွေ
ကို ဘယ်တော့မှ မရောထွေး မိစေရပါဘူး။ စိတ်ချပါနော် အမလေပြေ အမပြောတဲ့စကားတွေကို
မှတ်သားထားပါတယ်နော်။


သတိရတမ်းတပျော်ရွှင်မှုတွေနဲ့

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့