Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 5 May 2012

“အမုန်းမရှိတဲ့....အစွန့်ပစ်ခံနှလုံးသား”


ရင်ကိုကွဲကြေစေတဲ့
အမုန်းမြားတစ်စင်း
မင်းမပစ်လွှတ်မှီကတည်းက
ငါ့နှလုံးသားက….ပြာကျပြီးသားပါချစ်သူ…..

မင်းထားခဲ့မှ….
နေခဲ့ရတဲ့သူမဟုတ်ပါဘူး…
မင်းမထားခဲ့တဲ.အချိန်ကတည်းက..
ဝေးလွင့်သွားရသူပါ……
မင်းရိုက်ချိုးခဲ့တဲ့ ငါ့အိပ်မက်တွေ…
စိတ်ကူးတွေ အပျက်အစီးအတိုင်းပဲထားထားတယ်..
မင်းကိုမုန်းလို့မဟုတ်ပါဘူး….
မင်းကိုအမြဲတမ်းသတိရနေချင်လို့ပါ…
သံယောဇဉ်ပြတ်နိုင်တဲ့သူက
အမုန်းတွေပေးသွားခဲ့ပေမယ့်…
မပြတ်နိုင်သေးတဲ့ငါ့အတွက်တော့
နေ့ရက်တိုင်းမှာ…
အလွမ်းတွေနဲ့အသက်ဆက်…
အချိန်တိုင်းတမ်းတနေတတ်တုန်းပါပဲ….
ဇကာကျနေတဲ့နှလုံးသားကလဲ
ထာဝရဆိုတဲ့စကားလုံးကို ခုထက်ထိ….
ဆုတ်ကိုင်ထားတုန်းပါပဲ ထားခဲ့ရင်နေခဲ့ပါ့မယ်….
အပြစ်ဖွဲ့ရင်လဲ ခံပါ့မယ်….
မုန်းမေ့ဖို့တော့မပြောပါနဲ့…
ငါ့နှလုံးသားရဲ့အဘိဓါန်မှာ…
မင်းအတွက်အမုန်းမှမရှိခဲ့တာ….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့