Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 5 May 2012

အကြင်နာ စကား တစ်ခွန်း

အကြင်နာ စကား တစ်ခွန်း
လူတော်တော်များများ ငွေလိုခြင်ကြသည်။ မွေးခါစ ခလေးကလွဲလို့ ပေါ့ သို့  ပေမယ်လောကမှာငွေထက်
အရေးကြီးတာကိုလိုခြင်သူများလည်းရှိမှာပါ။ဟုပ်ပါတယ် တော်တော်များများ လိုခြင်ကြတာကတော့
အကြင်နာစကားလေးတစ်ခွန်းပါ။ မေတ္တာစကား အကြင်နာစကား သည် လူ၏နားကိုချိုမြစေသည် နှလုံး
သားကို ကြည်နှုးဆွတ်ပျံ့ စေပါသည်။


ထို့ ကြောင်လူများသည် အကြင်နာ မေတ္တာစကား တို့ ကိုလိုခြင်ကြခြင်းဖြစ်ပါ၏။ သို့ ရာတွင်ကိုယ်က
 ပြန်ပေးဖို့ ကြတော့မေ့နေတက်ကြသည်။

ကိုယ့်ဆီက လိုခြင်သူတွေရှိသလို ကိုယ့်မှာလည်းပေးစရာတွေ ရှိပါ၏ သို့ သော်တောင်းခံ မှု့ မရှိသဖြင့်
လိုခြင်နေသူတွေကိုအမှတ်မရတက်ကြပါ။ကိုယ့်လိုခြင်တာတွေကို တောင့်တနေသဖြင့် ကိုယ်ပေးနိုင်
တာကို မေ့နေကြသည်။

ထို့ ကြောင့်လူတော်တော်များများဆီမှာ မေတ္တာစကား အကြင်နာစကား ရှားပါးကုန်ကြဟန်တူ၏။
 ကြမ်းတမ်း၊ ခက်ထန်မာကြောသော နှုတ်ထွက်စကားတို့ သည် ရေဆိုးမြှောင်းမှ ကျလာသော ရေကဲ့
အဆက်မပြတ် ထွက်ကျလာသောအခါ….

မိသားစုအတွင်း စိတ်နာ၊ မုန်းတီး၊ နာကြည်း ရန်သူလို သဘောထားကြတာတွေ ထိုစကားလုံးကြောင့်
ကိုယ့်ဘ၀ကိုစိတ်ပျက်အားငယ်နေတဲ့ သူတွေ စကားလုံးကိုမခံစားနိုင်သဖြင့် စိတ်ပေါက်ကွဲကာ ထင်ရာ
စိုင်းရင်း ဘ၀ပျက်သွားတဲ့သူတွေ အများကြီး အများကြီး သူငယ်ချင်းတို့ ပတ်ဝန်းကျင်မှာ တွေ့ ဘူးကြမှာပါ။


သူနဲ့ ဆန့် ကျင်ဖက်ပေါ့ အကြင်နာစကားလေးတစ်ခွန်းကြတော့ ဆောင်းရာသီတစ်ခုလုံးကို နွေးထွေးစေ
တယ်လို့  ပညာရှိတစ်ဦးက ဆိုတယ်။

ဒါကြောင့်အကြင်နာ စကားတစ်ခွန်းကို လူတိုင်းကိုပေးသင့်ပါသည်။အထူးသဖြင့် ကိုယ့်ထံမှ လိုခြင်သူများကို
ဂရုတစ်စိုက်ပေးသင့်ပါသည်။ကိုယ်ကပေးလိုက်လို့ ကိုယ့်မှာ ဘာတစ်ခုမှ ဆုတ်ယုတ်သွားတာမရှိပဲလေ။
ကိုယ့်ထံမှ ရသွားလိုပိတိဖြစ်နေတာကိုကြည့်ရင် ကိုယ်ဘယ်လောက် ကုသိုလ်ရမလဲ စဉ်းစားတာကြည့်တော့။

မိဘနှင့်သားသမီး၊ မောင်နှမသားချင်း၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း၊ ဆရာတပည့်၊ အလုပ်ရှင်နဲ့ 
အလုပ်သမား၊ လုပ်ငန်းသဘောအရ ပေါင်းသင်းဆက်ဆံသူအချင်းချင်း၊ အကြင်နာ မေတ္တာစကားများပေးကြ
ပြောကြပါလျှင် အလွန်ကောင်းမည်ဖြစ်ပါကြောင်း....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့