လွန်ခဲ့သော နှစ်အနည်းက ကန်လည်ဆိုတဲ့ရွာတစ်ရွာ မှာပေါ့ သာလှ နဲ့ ဖိုးထူး ဆိုတဲ့ ဘုန်းကြီးကျောင်းသားနှစ်ယောက်ဟာ နေ၇ာတိုင်းမှာထူးချွန်ကြတယ် အတန်းထဲမှာလည်း နံပါတ်၁ အမှတ်ကလည်းအမြဲတူနေတယ် မသိတဲ့သူဆို၇င် ရုပ်တောင်မခွဲတက်လို့ ခဏခဏ လူမှားကြတယ် ကိုယ်လုံးကိုယ်ပေါက် အသားအရည် အားလုံးတူတယ် မတူတာလေးတခုက ရည်ရွယ်ချက် ကိုအကောင့်ထည်ဖော်တဲ့နေ၇ာမှာ အသုံးပြုကြတဲံစိတ်ဓါက်လေးပါ ဖိုးထူးကလည်တယ် သာလှက ရိုးသားတယ် ...............အဲ့အချက်လေးပဲကွဲလွဲနေတာ
ဒီလို သူတို့နှစ်ယောက် အပြိုင်အဆိုင် ဘာမဆိုလိုလုပ်လာတာ အသက်၁၆နှစ်အရွယ်ေ၇ာက်လို့လာကြပြီလေ တစ်နေ့ ဘုန်းကြီးနောက်ကနေ ကျောင်းသားအဖြစ်နဲ့ ဆွမ်းခံလိုက်ရတယ် အဲ့ဒီလို ဆွမ်းခံပြီးလာလိုက်တာ သူကြီးဦးမော် အိမ်ရှေ့ေ၇ာက်တာနဲ့ ဆွမ်းလောင်းဖို့ စောင့်နေသူပျိုကညာမမဖူးဖူးနဲ့ သွားတွေ့တာပဲ ဖူးဖူး ကလည်းမြင်သူတကာငေးလောက်အောင်ချောတဲ့ ၂၂နှစ်အရွယ် ခေတ်သစ်ဥမ္မာဒန္တီလို့တောင်တင်စားလောက်ရတဲ့ ရွာကွန်းတောင်ကိုင်မမလေးဖူးဖူးပေါ့ ဖူးဖူးကိုမြင်ပြီးထဲက အဲ့မှာ ဒီလိုမီးကောင်ပေါက်လေးတွေကို ၇င်ခုန်တက်စ လက်တက်စမ်းချင်တဲ့ အရွယ်ဆိုတော့ ဘုန်းကြီးကျောင်းသားနှစ်ယောက်စလုံး စားမ၀င် အိပ်မပျော် ဖြစ်ခဲ့ကြတာ ရက်ပေါင်းများလာတော့ ဘုန်းကြီးကျောင်းသားနှစ်ယောက်တစ်ယောက်ကိုတစ်ယောက် တိုင်ပင်ကြတယ် ဘာလုပ်သင့်တယ်ဆိုတာကို အဲ့အချိန်မှာ နှစ်ယောက်စလုံးရဲ့ ဆန္ဒ အ၇ ပြိုင်ပိုးကြမယ် ချစ်ရေးဆိုမယ် ဆိုတာပဲ
ဒီလိုနဲ့ပဲ သူတို့ရဲ့ ဆုံးဖြတ်ချကအတိုင်း ဘယ်သူ၇၇ ဘယ်သူနိုင်နိုင် သဘောတူကြေးဆိုတာပေါ့
နောက်နေ့မနက် အိပ်ယာထပြီဆိုတာနဲ့ ကျောင်းသေယာဝစ္စတွေကို အမြန်ပြီးအောင်လုပ်ကြပြီးတာနဲ့ ဖူးဖူး ဇာတ်လမ်း တစ်စခန်းစတော့တာပဲပေါ့ တိုက်ဆိုင်မှု့လို့ပြောရမလား သူ့တို့ကံလို့ပဲပြောရမလား အမြဲတသွေ အချိန်တိုင်း မိဘတွေနဲ့တူတူနေရတဲ့ ဖူးဖူးလေးမှာ ခြံဝ၌ ရှိသော ခုံတန်းလေးပေါ်တစ်ယောက်တည်းသီချင်းဆိုညည်းလို့ နေတဲ့အချိန် နဲ့တိုးလို့ ချစ်ရေးဆိုသွားကြတဲံ့  ကိုကိုဘုန်းကြီးကျောင်းသားနှစ်ယောက်မှာ ၇င်၌နေ့စဉ်နဲ့အမျှ ကိန်းအောင်းနေသော သူ့တို့ရဲ့ချစ်ခြင်းတွေကို ကဗျာမပီ စာမညီ ပေမယ့် အတည်ချစ်တယ် အရမ်းချစ်တယ် ဆိုတာကိုတော့ အသေအချာပြောနေကြတယ်
ဖူးဖူးကသူ့ရဲ့ မောင်လေးလောက်အရွယ်ကလေးတွေကို စိတ်ကစားနေတာပဲဆိုပြီး မဖြစ်နိုင်တဲ့ ချမ်းသာခြင်း ကိုပိုင်ဆိုင်မှ သူစဉ်းစားမယ်လို့ အပြတ်ပြောလိုက်တယ် ဘုန်းကြီးကျောင်းသားများမှာ ပိုက်ဆံဆိုလိုမူးလို့ရှူ စ၇ာမရှိ လောက်အောင် ငွေဆို ဗလာနတ္ထိ ဘာမှမရှိ ပေါ့ ဒီကိစ္စကို ဘုန်းကြီးကျောင်းမှာနေ၇င် ဘယ်လိုမှ ဖြစ်မလာနိုင်ဘူးဆိုပြီး ဘုန်းကြီးကျောင်းသားနှစ်ဦးမှာ နေမြေခြားနေတဲ့ မြို့ပေါ်သို့တက်ကြပြီး အလုပ်ကြိုးစားတာပေါ့ သာလှကတော့ ရိုးသားတော့ ငွေကို၇အောင်ရှာတယ် စားသောက်ဆိုင်မှာ စာဒပွဲထိုးဝင်လုပ်ကြတယ် သာလှကရတဲ့ငွေကို ဆိုင်ရှင်ကိုပြောပြီး အတိုးပြန်ပေးခိုင်းတယ် ဖိုးထူးကတော့ ရတဲံ့လစာ ကို ထပ်တိုး၇အောင် ဈေးေ၇ာင်းပြန်တယ် အလုပ်သုံးလုပ်လောက်လုပ်တယ်..
ဈေးေ၇ာင်းပြန်၇င် အလုပ်ဝင်တယ် ဒိလိုလုပ်လာတာ ဖိုးထူးခများငွေများတော့ရပါရဲ့ ဆိုင်မှာနောက်ကျချိန်တွေများတာရယ် ဈေးေ၇ာင်းတာမကုန်တဲ့နေ့တွေကြ၇င် အလုပ်မဆင်းတာရယ်ကြောင့် သူတစ်ယောက်ထဲမနိုင်တဲ့ ဝန်ထမ်းမိ၍ ဆိုင်မှ အလုပ်ပြုတ်ခဲ့၇လေသည် မြို့ပေါ်မှာနေ၇ာတစ်နေ၇ာ ရဖို့မလွယ်တဲ့ ခေတ်မှာ ဖိုးထူးဘယ်မှာမှ အလုပ်ရှာလို့မရခဲ့တော့ပါ လက်ထဲရှိတဲ့ လက်ကျန်ငွေလေးနဲ့ စား၇င်သောက်၇င်း ဈေးလည်းမေ၇ာင်းနိုင်ဖြစ့်၍ရွာပြန်၇လေသည် မြို့၌ ကျန်ရစ်ခဲ့သော သာလှမှာ ၃နှစ်ကြာ၍ရွာပြန်လာသောအခါ ဖူးဖူးခမျာ သူမပြောကြားထားသည့်အတိုင်း လက်ထပ်ယူခဲ့လေသည်
ရိုးရိုးနေ မြင့်မြင့်ကြံ မှန်မှန်လုပ် ................ ကဲသူငယ်ချင်းတို့ေ၇ ခု ဖတ်ရတဲ့ သာဓကလေးကို ဥပမာဆောင်လို့ အလှမ်းကျယ်၇င်အလယ်လပ်နေခဲ့တက်တယ်ဆိုတာလေးကို သတိပြုဖို့ရေးသားလိုက်ပါတယ် ကျေးဇူးတင်လျှက် ဒီဘလော့ကိုဖတ်မိသူတိုင်းအတွက် ကျနော့်ရဲ့စာသား အပြောအဆိုအရေးအသား မှားတာရှိဝန္ဒာမိပါ
လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေ
No comments:
Post a Comment