Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

အိပ်မက်လေး အတွက် ပြင်ဆင်နေတယ် ရတနာဖြူဖြူအောင်

အိပ်မက်လေး အတွက် ပြင်ဆင်နေတယ် ရတနာဖြူဖြူအောင်

 25 MAY 2012  | BY 8 DAYS
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရခိုင်သူလေး ရတနာဖြူဖြူအောင်က အခုလတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ဇာတ်ကားများ ကြော်ငြာ၊ မော်ဒယ်ပြိုင်ပွဲများနှင့် တေးသီချင်း သရုပ်ဖော်၊ သရုပ်ဆောင် အလုပ်များ ဆက်တိုက် လုပ်ဆောင်လျက် ရှိသလို ထူးထူးခြားခြား အနေဖြင့် အခုအခါမှာတော့ သူ့ရဲ့ ပထမဦးဆုံးသော တစ်ကိုယ်တော်စီးရီး “အိပ်မက်လေးအတွက်” တေးစီးရီးကို ဇူလိုင်လတွင် စီဒီအနေဖြင့် ထွက်ရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိခဲ့ရပါတယ်။
သူ၏ ပထမဦးဆုံးသော တေးစီးရီးဖြစ်သည့် အိပ်မက်ကလေးအတွက် တေးစီးရီးနှင့် ပတ်သက်ပြီး သူက “တစ်ကိုယ်တော် စီးရီးကို ၇ လပိုင်းမှာ စီဒီ အရင်ဆုံး ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သမီးကိုယ်တိုင် Producer ထုတ်လုပ်ထားပြီးတော့ Excellent Creation ကထွက်ရှိမှာပါ။ အခုအခါမှာတော့ ဗီစီဒီအတွက် ပြင်ဦးလွင်မြို့မှာ ကြိုတင် ပြင်ဆင် ရိုက်ကူးနေပါတယ်။ ဗီစီဒီကတော့ ၁၂ လပိုင်းလောက်မှာ ထွက်ဖြစ်မှာပါ။ အိပ်မက်ကလေး တေးစီးရီးမှာ တေးရေးဆရာများ အဖြစ် ဆရာမြင့်မိုးအောင်၊ ကိုသြရသ၊ အေးချမ်းဟိမ်းနှင့် ကိုယ်တိုင် ရေးသားထားတဲ့ သီချင်း ၅ ပုဒ်ပါဝင်မှာပါ။ Featuring ကတော့ တေးသံရှင် ဆိုတေးက သီဆိုထားပါတယ်။ သရုပ်ဆောင် အလုပ်ကို ဝါသနာပါသလို သီချင်းဆိုတဲ့ အလုပ်ကိုလည်း ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တာ၊ ပြီးတော့ သီချင်းရေးတာလည်း ရှစ်တန်း၊ ကိုးတန်းလောက် ကတည်းက ဝါသနာပါလို့ သီချင်းလေးတွေ ရေးထားတတ်တယ်လေ။ ဒါကြောင့် အခု တစ်ကိုယ်တော် တေးစီးရီးကို စီစဉ်ဖြစ်တာပါ” လို့ 8 DAYS ဂျာနယ်ကို ရတနာဖြူဖြူအောင်က ပြောကြားခဲ့ပါတယ်။
TMZ

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့