လမင်းတဲ့လား....
နင်ဆယ်ဖို့ ကြိုးစားတဲ့ ငါ့အရိပ်
ငါ့ကိုယ်ငါတောင် ပြန်ဖမ်းမမိဘူး...
ကြယ်စင်ရေ...
ရဲရင့်ခြင်းတွေနဲ့ နင်လင်းလက်ခဲ့တယ်....
နီးလွန်းတော့လည်း မမြင်နိုင်ခဲ့ဘူး...
ဝေးသွားတော့လည်း
ဘဝတွေတောင် ခြားခဲ့တာ
ဘယ်အငြိုးနဲ့များ ကံကြမ္မာရယ်...
ခေါ်ဆောင်သွားခဲ့ရက်လည်း..
ပြန်မဆုံနိုင်တဲ့လမ်း
နင်ထွက်ခွာသွားတော့
အလင်းမဲ့တဲ့ညတွေထဲ
ငါတစ်ယောက်တည်း… လမ်းပျောက်လို့
ဒီသံယောဇဉ်ကြိုး တင်းလွန်းပြန်တယ်
တကယ်တော့...
ငါက (နင့်အတွက်ဆို) လကွယ်ညမှာ
သာတဲ့လမင်းပဲဖြစ်ခဲ့တာပါ..
ဒါပေမယ့် ….ကြယ်ရယ်...
နင် အကြွေစောလွန်းတယ်...........
No comments:
Post a Comment