Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

ကောင်မလေးများလိုက်နာရန်...

ယောကျာင်္းလေးများသည် အင်မတန်မှ နှလုံးသား နုနယ်၍ ခံစားချက် ပြင်းပြင်းထန်ထန်နှင့် ကြုံတွေ့လိုက်တိုင်း
စိတ်ထင်ရာစိုင်းတတ်ကြသောကြောင့် ဤ ဥပဒေ အား ထုတ်ပြန်လိုက်ရ ပါသည် ။ ။

(၁)မိမိ၏ ချစ်သူကောင်လေးသည် တခြားကောင်မလေးနှင့် ချစ်ကြိုက်နေလျှင်(သို့)အပြင်၌ တွဲသွားတွဲလာ လုပ်နေသည်ကိုေ
တွ့မြင်၍သော်လည်းကောင်း သတင်းကြား၍သော်လည်းကောင်း မစုံစမ်းပဲ စိတ်ဆိုးစိတ်ကောက်၍ ဖြတ်ပြစ်ခြင်း မပြုလုပ်ရန် ။ ။

(၂) ရည်းစားတစ်ထောင် လင်ကောင်းတစ်ယောက် စကားပုံနှင့် အညီ ယောကျာင်္းလေးများ၏ နှလုံးသားကို ညှိ့ယူဖမ်းစား ပြုစားခြင်း မပြုလုပ်ရန် ။ ။

(၃) မိမိချစ်သူကောင်လေးသည် မိမိထက် နိမ့်ကျနေမှန်းသိရက်နှင့် ကောင်လေး၏နှလုံးသားအားညှိ့ယူဖမ်းစား ပြုစားခြင်းမပြုလုပ်ရန် ။ ။

(၄) မိမိ ချစ်သူကောင်လေးသည် မိမိထက် အဆင့်တန်းမြင့်သူဖြစ်ပါက ကောင်လေး၏ နှလုံးသားအား သွေးဆောင်ဖျားယောင်း
လိမ်လည်ခြင်း မပြုလုပ်ရန် ။ ။

(၅) မိမိ တို့သည် ဘဝအဆင့်တန်းတူသူများ ဖြစ်ပါက ကောင်လေး၏ နှလုံးသားအား လှေကားထစ် သဖွယ်နင်းတတ်ခြင်း မပြုလုပ်ရန် ။ ။

(၆) ကောင်လေးအား မိမိတို့ မိဘများက သဘောမတူ မကြည်ဖြူနိုင်ပါက နှစ်ဦးသဘောတူ တိုင်ပင်ပြီးမှသာ လမ်းခွဲသင့်မခွဲသင့်
ဆုံးဖြတ်ရန်။ မိမိဘာသာဆုံးဖြတ်ချက်ချ ခြင်းမပြုလုပ်ရန် ။ ။

ထို အထက်ပါအချက်(၆)ချက်မှ တချက်ချက်ဖြင့်ညိ့စွန်း၍ ကောင်လေးအားရက်ရက်စက်စက် စိမ်းစိမ်းကားကား မညှာမတာ ဗရမ်းဗတာ
လမ်းခွဲထားခဲ့ပါက ရရှိမည့် အပြစ်ဒဏ်မှာ အင်မတန်ကြီးလေးသောကြောင့် စာရေးသူကိုယ်တိုင် ရေးသားဖော်ပြနိုင်စွမ်းမရှိပါသဖြင့်
အထက်ပါအချက်အား လေးနက်စွာ လိုက်နာကြရန် ဥပဒေ ထုတ်ပြန်လိုက်သည် ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့