Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 26 May 2012

ကောင်မလေးအတွက် နှလုံးသားစကား

မချစ်နိုင်တော့ဘူးဆိုတဲ့စကားတစ်ခွန်းဟာ
ငါ့ရင်ထဲမှာ ဘယ်လောက်အထိ ရိုက်ခတ်သွားတယ်ဆိုတာ
မင်းမသိနိုင်လို့လား………….
မင်းဘက်က အဲဒီစကားကို လွယ်လွယ်နဲ့ပြောခဲ့နိုင်ပေမယ့်
ငါ့အတွက်တော့ ဒီစကားဟာ အင်မတန်ပြင်းထန်တဲ့
လေပွေရိုင်းတစ်ခုလိုပဲ ငါမြင်မိတယ် ကောင်မလေး
မချစ်ဘူးဆိုတဲ့စကားဟာ ငါ့ကိုမျက်ရည်ကျမိစေပေမဲ့
မချစ်ဘူးဆိုတဲ့စကားကြောင့် ငါမင်းကို မမုန်းခဲ့ပါဘူး
ငါ့အတွက် မင်းက လမ်းပြကြယ်တစ်ခု အနေနဲ့ ငါတန်ဖိုးထားခဲ့တာပါ
မင်းသာငါ့ကို တကယ်ချစ်ခဲ့ရင် ဘယ်တော့မှ မျက်ရည်ကျစေခဲ့မှာမဟုတ်ဘူး
မင်းသာငါ့ကို တကယ်ချစ်ခဲ့ရင် ဘယ်တော့မှ နာကျင်စေခဲ့မှာ မဟုတ်ဘူး
မင်းသာငါ့ကို တကယ်ချစ်ခဲ့ရင် ငါဟာ မင်းချစ်သူဆိုတာ ထုတ်ဖေါ်ပြောဖို့ ဘယ်တော့မှ မ၀ံ့ရဲခဲ့မှာမဟုတ်ဘူး
မင်းသာငါ့ကို တကယ်ချစ်ခဲ့ရင် မင်းမိဘတွေရှေ့မှာ ငါဟာမင်းချစ်သူဆိုတာ ထုတ်ပြောဖို့ ၀န်လေးခဲ့မှာ မဟုတ်ဘူး
မင်းသာငါ့ကို တကယ်ချစ်ခဲ့ရင် ငါ့ကို ဖြတ်ဖို့ ကြိုးစားခဲ့မှာ မဟုတ်ဘူး
ဒါပေမယ့် မင်းငါ့ကို တကယ်မချစ်ခဲ့ဘူးဆိုရင်တောင်
ငါက မင်းကို အမြဲတမ်းထာဝရ ချစ်နေမှာပါ
ငါ မင်းအနားကနေ အဝေးကိုထွက်သွားဖို့ စဉ်းစားခဲ့တယ်
ဒါပေမယ့် ငါထွက်ပြေးလို့ မရခဲ့ဘူး
မင်းကို တစ်သက်လုံးနွေးထွေးမှုပေးပြီး နေချင်ခဲ့လို့ပါ
ငါမင်းကို လွမ်းလွန်းလို့ ခဏလောက်မေ့ထားချင်တယ်
မင်းကိုမချစ်လို့ မေ့ထားတာ မဟုတ်ပါဘူး
ငါ့ကို စိတ်နာအောင်မလုပ်ပါနဲ့
ငါ နင့်ကို နာကျည်းမိမှာစိုးလို့ပါဟာ
သေဆုံးခဲ့တဲ့ ငါ့နှလုံးသားကို ထပ်ပြီး နာကျည်းအောင်မလုပ်ပါနဲ့
မခံစားနိုင်တော့လို့ပါကွာ

ကောင်မလေးရေ မင်းအတွက် ငါ မလုပ်ဖူးတဲ့အလုပ်တွေ လုပ်ခဲ့ရတယ်။ မတွေးဖူးတဲ့အတွေးတွေ တွေးခဲ့ရတယ်။
 မင်းကြောင့်လည်း ငါပျော်ရွှင်ခဲ့ရတယ်။အဲဒီအချိန်တွေကို မင်းငါ့ကို ပေးခဲ့တဲ့အတွက် မင်းကို ငါကျေးဇူးတင်ပါတယ်

ကောင်မလေးရေ
ငါ့ကြောင့် မင်းဘယ်တော့မှ စိတ်မဆင်းရဲစေရပါဘူး။
မင်းပျော်ရွှင်မယ်ဆိုရင် ငါအကုန်လုံး စွှန့်လွှတ်ပေးဖို့ အဆင်သင့်ပါ ကောင်မလေးရေ

ငါအခုဒီကဗျာလေးရေးတာ မင်းကို နှောက်ယှက်ချင်လို့ မဟုတ်ပါဘူးကွာ။
မင်းကိုလွမ်းလွန်းလို့ ဒီကဗျာလေးကို ငါရေးမိတာပါ။
မင်းကို လွမ်းနေခွင့်တစ်ခုလေးတော့ ငါ့ကိုပေးခဲ့ပါကွာ

သူငယ်ချင်းတို့ စိတ်ရှုပ်သွားရင် ခွင့်လွှတ်ပေးပါ။ ကျွန်တော်ခံစားချက်လေးကို ရင်ဖွင့်မိတာပါ။
သက်ဆိုင်သူတစ်ယောက်အတွက် ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့