Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 27 May 2012

ဘာကြောင့် ချစ်ခင်သူလိုအပ်ရတာလဲ

၁။ လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေလို့မရပါဘူး။ မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်း
စတဲ့ ကိုယ်ချစ်ခင်သူတွေနဲ့ ဘဝကို လျှောက်လှမ်း ဖြတ်သန်းကြရပါတယ်။ ချစ်ခင်သူတွေက သင့်ဘဝအတွက် မရှိမဖြစ်
ကို လိုအပ်ပါတယ်။ သင့်ရဲ့ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားဖို့၊ သင်အားငယ်ချိန်မှာ အားပေးဖို့၊ သင့်အောင်မြင်
မှုကို မုဒိတာပွားပေးဖို့၊ သင်ရှုံးနိမ့်ချိန်မှာ ဖေးမကူညီပေးဖို့ သင့်အတွက် အရေးတကြီး လိုအပ်တာ တစ်ဦးနဲ့တစ်ဦး
အပြန်အလှန် ချစ်ခင်ရတဲ့သူပါ။ ၁။ ယုံကြည်မှုရှိစေသူ သင့်အလုပ်မှာ မတော်တဆ အလွဲအမှားတစ်ခုကြောင့် ကိုယ့်
ကိုယ်ကိုယ် ယုံကြည်မှု မဲ့သွားတာလား၊ အလုပ်ရှင်ဆူခံရလို့ စိတ်ပျက် အားငယ်သွားတာလား၊ ပတ်ဝန်းကျင်ကလူ
တွေ ထိုးနှက်မှုကြောင့် စိတ်ဓာတ် ကျနေတာလား။ ဒီအချိန်မှာ သင်လုပ်သင့်တဲ့အရာက အသက်ကို ဖြည်းဖြည်းချင်း
အဆုံးထိ ရှူသွင်းပြီး သင်ချစ်ခင်သူဆီ ဖုန်းဆက်လိုက်ပါ။ အချိန်မရရင် ဖုန်းထဲကပဲ ရင်ဖွင့်လိုက်ပါ။ အချိန်ရခဲ့ရင်တော့
အေးအေးဆေးဆေး စကားပြောနိုင်မယ့် နေရာတစ်နေရာကို ချိန်းဆိုပြီး သင့်ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ပြောဆို
တိုင်ပင်လိုက်ပါ။ သင်ချစ်ခင်သူဆီက အားပေးစကားကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်လည်
တည်ဆောက်နိုင်ပါလိမ့်မယ်။



၂။ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် တစ်ခါတစ်ရံ တချို့နေရာတွေကို တစ်ယောက်တည်းသွားဖို့ အခက်အခဲ ရှိတဲ့အခါမျိုးမှာ
သင့်ချစ်ခင်သူက သင့်အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်စေမှာပါ။ ဈေးဝယ်ထွက်တဲ့အခါ သင်နဲ့အတူ သင့်
ချစ်ခင်သူက တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ကောင်း တစ်ယောက် ဖြစ်စေသလို၊ အခမ်းအနား တက်ရောက်ရတဲ့ အခါမျိုးမှာ
လည်း သင့်ကို မဝံ့မရဲမဖြစ်စေဘဲ လူတောတိုးရဲအောင် ခွန်အား ရှိစေပါလိမ့်မယ်။



၃။ စိတ်ဖြေပေးမယ့်သူ နေ့စဉ်နဲ့အမျှ ကျင်လည်လှုပ်ရှားနေရတဲ့ လူမှုပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများဆို
သလို ရှိနေပါတယ်။ ဒါကို ဖြေဖျောက်ပေးမယ့်သူက သင့်ရဲ့ချစ်ခင်သူပါ။ စိတ်ဖိစီးမှုတွေ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်
တဲ့ ဘဝတစ်ခုအတွက် ချစ်ခင်သူက မရှိမဖြစ်ပါ။



၎။ သစ္စာရှိစေသူ သင်နဲ့ သင့်ချစ်ခင်သူတို့ရဲ့ ဆက်ဆံရေးတွေ ကြာရှည်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ခင်မင်မှုတွေ၊
သံယောဇဉ်တွေ တိုးပွားလာပါတယ်။ အချိန်ကာလတွေက သင်နဲ့ သင့်ချစ်ခင်သူကြား တီးတိုး တိုင်ပင်တာကစလို့ ကြီး
ကြီးမားမား လုပ်ငန်းကိစ္စတွေအထိ ပြောဆိုနိုင်ပြီး တစ်ဦးနဲ့တစ်ဦး သစ္စာရှိမှုကို တည်ဆောက် ယူနိုင်ပါလိမ့်မယ်။



၅။ တံခါးဖွင့်ပေးမယ့်သူ သင်ဟာ ခေါင်းမာတဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ တော်ရုံနဲ့ အတွေးအခေါ်
ထင်မြင်ချက် အသစ်..အသစ်တွေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ သင့်ချစ်ခင်သူက ပြောပြတဲ့အခါ သင်
လက်ခံကောင်း လက်ခံနိုင်ပါတယ်။ သင့်အတွေးအခေါ်တွေ ဆန်းသစ်စေဖို့ သင့်ကို တိုက်တွန်းပေးပါလိမ့်မယ်။
သင့်မျက်စိနဲ့ ဦးနှောက်ကို တံခါးဖွင့်ပေးမယ့်သူက သင့်ချစ်ခင်သူပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့