သွေးအေးလာမယ် ၊ အဆင်မပြေတာတွေများလာမယ် အပြစ်တင်တာတွေများလာမယ် ၊ သည်းခံခြင်းတွေ
လျော့ပါးလာမယ် သံသယတွေများလာမယ် ၊ မေးခွန်းတွေများလာမယ် အလိမ်ခံရတာတွေများလာမယ် ၊
ယုံကြည်မှုတွေလျော့ကျလာမယ် နွေးထွးမှုတွေပါးလျလာမယ် ၊ ရင်ခုန်သံတွေအေးစက်လာမယ်။
နားလည်မှုတွေလွဲလာမယ် ၊ စိတ်တွေမွန်းကျပ်လာမယ်
အဲဒီလိုဖြစ်နေပြီဆိုရင် တဖက်ဖက်က ရက်စက်လိုက်တာအကောင်းဆုံးပါပဲ
အချစ်ဆိုတာအိမ်ထောင်ရေးလို စာချုပ်တခုနဲ့ချည်နှောင်ထားခြင်းမျိုးမရှိပါဘူး
ခံစားချက်တခုနဲ့လူနှစ်ယောက်ကို ချည်နှောင်ထားခြင်းမျိုးပါ
ခံစားချက်မရှိတော့တဲ့လူနှစ်ယောက်မှာ ဘယ်လိုအကြောင်းပြချက်နဲ့မှ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ပါဘူး အချစ်မှာ
မချစ်တော့တာထက်နာကျင်စရာကောင်းတာက မချစ်ပဲနဲ့ ချစ်သလို ဆက်လက်ဟန်ဆောင်နေကြတာပါ
အနာတခုဆိုတာပြည်တည်ပြီးရင်းတဲ့အချိန်ထိမစောင့်ရဘူး အချိန်ကြာလေ ပိုပြီးနာကျင်ရလေပဲ
အနာမှန်းသိရင်စောစောစီးစီးခွဲထုတ်ပစ်လိုက်တာပိုသက်သာပါတယ်
မချစ်ပဲအနားမှာလိမ်ညာပြီးရှိနေတာထက်စာရင် ထားသွားခဲ့လိုက်တာ ပိုအဆင်ပြေမယ်၊
ဘာလို့လဲဆိုတော့
သင့်အနားမှာသူမရှိတော့လည်း သင်သူ့ကိုဆက်ချစ်နေနိုင်သေးလို့ပါပဲ ။
အခုပြောတာတွေက ရယ်စရာတွေဖြစ်နေလိမ့်မယ်ထင်တာပဲ လူတစ်ယောက်နဲ့တစ်ယောက်ခံစား
ချက်တွေ ဘယ်လိုမှ မတူနိုင်ဘူးဆိုတာ အရင်က ပြောဖူးပါတယ် သူငယ်ချင်းတို့ရဲ့ ခံစားချက်က
ရော ဘယ်လိုလည်း ကျွန်တော် လုပ်သလိုများ လုပ်မလားဆိုတာသိချင်တယ် ပြောပြပေးပါ။
No comments:
Post a Comment