Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

စုံစီနဖာ ဟာသများ

တော်လိုက်တဲ့ တပည့်

တစ်ခါကရွာတစ်ရွာမှာ ဆရာနှင့်တပည့်၂ဦး၊ အိမ်တစ်အိမ်မှာအတူနေထိုင်ကြပြီး၊ 
တပည့်မှာဆရာ့စကားကိုမြေ၀ယ်မကျနားထောင်၍ ရိုးသားသူတစ်ဦးဖြစ်ပါတယ်။

တစ်နေ့ မှာဆရာကကိစ္စရှိလို့ -" တပည့်ရေ၊ ဆရာအပြင်သွားအုံးမယ် ထမင်းချက်ထားကွာ" လို့ မှာခဲ့ပါတယ်။

ဆရာအပြင်ကပြန်လာပြီး" တပည့်ရေ၊ ထမင်းစားကြရအောင်ခူးကွာ" လို့ ပြောလိုက်တော့၊ တပည့်ကလည်းခူးပြီးတာနဲ့ ဆရာက " ဟင်းကောကွာ" လို့မေးတယ်။ 
ထိုအခါတပည့်က" ဆရာကထမင်းပဲချက်ထားလို့ မှာတာကို" ဟုပြန်ဖြေတယ်။
ဆရာက အားမလိုအားမရနဲ့ " တပည့်ရာရိုးပါ့၊ ဆရာက 'တစ်' ဆိုရင်၊ တပည့်က 'နှစ်' 'သုံး' အထိစီစဉ်ထားရတယ်ကွ၊မှတ်ထားသိလား လို့ပြောပါတယ်။

အဲဒီလိုနဲ့ တစ်နေ့ မှာတော့ ဆရာဖျားနေလို့ တပည့်ကို" ဆေးဆရာသွားပင့်ခဲ့ကွာ" ပြောတော့၊ တပည့်လည်းအပြေးတစ်ပိုင်းနဲ့ အိမ်ကထွက်သွားတယ်။
ခဏကြာတပည့်ပြန်လာပြီး ဆရာက-"တပည့်ရေ၊ ဆေးဆရာပင့်ခဲ့ပြီလား" လို့ မေးတော့၊ 
တပည့်ဖြေလိုက်ပုံမှာ-" ဆရာကျွန်တော့်ကိုသွန်သင်တဲ့အတိုင်း၊ ဆေးဆရာလည်းပင့်ပြီ၊ 
နောက်ပြီးအခေါင်းနဲ့ ဘုန်းကြီးပါပင့်လာပါတယ်ခင်ဗျာ"



အာဂ ယမကာလုလင်

အရက်စွဲ၍ အရက်ကြောင်နေသော လူနာတစ်ဦး ဆေးခန်းလာပြစဉ် ဆရာဝန်က
“ ခင်ဗျား ဒီလိုအရက် ဆက်သောက်နေရင် သေမင်းဆီ တဖြည်းဖြည်းသွားနေသလိုပဲမှတ် ”
“ ဒါဆို ဟန်ကျလိုက်တာ ဆရာရယ် ”
“ သေမင်းဆီသွားရမှာကို ဘာလို့ ဟန်ကျတာလဲဗျ ”
“ ဟုတ်ကဲ့ဆရာ..ကျွန်တော်ကလည်း ဖြည်းဖြည်းပဲသွားချင်တာပါ။ အမြန်သွားဖို့ စိတ်ကူးမရှိလို့ပါ ”



နောက်ဆုံးဆန္ဒ


"ခင်ဗျားရဲ့ရောဂါ အခြေအနေကတော့ သိပ်ပြီးဆိုးနေပြီဗျ ။ အဲဒီတော့ ကျူပ်အနေနဲ့ ရှင်းရှင်းပဲပြောရတော့မှာပဲ.. ခင်ဗျားရဲ့ရောဂါဟာ ကုလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားမသေခင် ဘယ်သူ့ကိုတွေ့ချင်သလဲ"
ဆရာဝန်က လူနာကိုဒဲ့ဒိုးပြောလိုက်ရာ လူနာက ယခုလိုပြန်ပြောသည်။
"ကျွန်တော်တွေ့ချင်တာတော့ ဆရာ့ထက်သာတဲ့ တစ်ခြားဆရာဝန်တစ်ယောက်နဲ့ တွေ့ချင်တာပါပဲ ဆရာရယ်.."ဟူ၏။


ကိုယ့်ထက်မသာရဘူးနော်

အမျိုးသမီးမိတ်ဆွေနှစ်ဦး လမ်းလျှောက်ရင်း စကားဖောင်ဖွဲ့သည်။
မီမီ။ ။ ရီရီရေ၊ ကိုပျော့ကို သိတယ်မဟုတ်လား။ သူကတို့ကို လာပြောတယ်။ သူ့ဘဝမှာ တို့လောက်ချောတဲ့လှတဲ့သူ မမြင်ခဲ့ဖူးဘူးတဲ့။ ဟင်း ဟင်း ဟင်း။ ဟုတ်ပါ့မလားကွာ။
ရီရီ။ ။ ဖြစ်နိုင်ပါတယ်ကွ။ အချစ်မှာ မျက်စိမရှိဘူးဆိုတာ မင်းကြားဖူးသားပဲ။ ပြီးတော့ ကိုပျော့ကလည်း မျက်မှန်တပ်မထားရင် ဘာမှသဲသဲကွဲကွဲ မြင်တာမှ မဟုတ်တာ။


မှားတောင်မှားသေး


ခရီးသည်အပြည့် ကြပ်ညပ်နေတဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ခရီးသည်တစ်ယောက်က သူ့ကို ခါးပိုက်နှိုက်နေတဲ့ လူကို ဖမ်းမိလိုက်ပါတယ်။
“ဟေ့ကောင် မင်းငါ့အိပ်ကပ်ထဲ ခါးပိုက်နှိုက်တာ အရှက်မရှိဘူးလားကွ”
“အံမာ၊ ခင်ဗျားကသာ ရှက်စရာကောင်းတာ၊ အိပ်ကပ်ထဲ တစ်ပြားမှ မရှိဘဲနဲ့များ”


အဖြစ်မှန်

မင်းက မိန်းမရှာကျွေးတာ စားနေတာဆို။
ဟာ မဟုတ်တာ သူကငွေပဲရှာတာ ပါကွာ။
ငါ့ဟာငါ ချက်စားတာပါ။
သူတောင် ငါကျွေးတာ စားနေရတာပါ။


အံကျပဲ

” မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို ”
” ဟုတ်ပါတယ်ခင်ဗျာ ”
” ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ
စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊
၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ ”
” အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က
စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ… ”
 
 
 
ဘာမှားလဲ
 
 
” ကိုသာဝ ”
” ဘာလဲကွ ”
” ဒီနေ့ဘယ်နှစ်ရက်လဲ ”
” ၈ရက်လေ ”
” ဒါဖြင့် ဘာလို့၉ရက်နေ့နေ့စွဲနဲ့ မဖော့အကြွေးယူ ကျပ်၃၅၀လို့မှတ်ထားရတာလဲ၊
တော့်ကိုအကြွေးမရောင်းပါနဲ့ လို့ကျုပ်မှာထားသားပဲ၊
ဟိုမှာဆိုင်းဘုတ်လဲချိတ်ထားတယ် ”
” မင်းဆိုင်းဘုတ်က ယနေ့အကြွေးမပေးပါလေ ”
” ဟုတ်တယ်လေ မမြင်ဘူးလား ”
” အဲဒါကြောင့် မဖော့ကနက်ဖြန်စာရင်းထဲမှတ်ပေးပါ
ဆိုပြီးပြောလို့
ပေးလိုက်တာပေါ့၊ ငါဘာမှားလို့လဲ ”
 
 
 
ထပ်ယူမယ်
 

အမေဖြစ်သူကမေးသည်။

``ကိတ်မုန့်ကို ဘယ်သူစားလိုက်သလဲ။´´

သမီးငယ်က ကြောက်လန့်တကြားဖြေသည်။

``မသိဘူး မေမေ။´´

``ထပ်စား ချင်သေးလား။´´

``ဟုတ်ကဲ့။´´
 
 
 
 
ချစ်ပါတယ်
 
 

လက်ထက်ပြီးကာစဇနီးမယားအသစ်ကလေးမှာအိမ်ထောင်အထိန်းအသိမ်းညံ့ဖျင်း၏ ။အလုပ်လုပ်ရန်လည်းပျင်းရိသည်။တနေ့ဧည့်ခန်းစာပွဲပေါ်တွင်ဖုန်မုန့်များတက်နေသည်ကိုတွေ့ရသဖြင့်ယောကျာ်း ဖြစ်သူကမိန်းမဖြစ်သူကိုလည်းအပြစ်မတင်ရက်၊ကိုယ်တိုင်လည်းလုပ်ရန်အချိန်မရှိသဖြင့်“ကိုယ်မင်းကိုချစ်တယ်” လို့ဖုန်မုန့်များပေါ်တွင်လက်ညိုးဖြင့်စာရေးထားခဲ့လေသည်။ ညနေအလုပ်မှပြန်လာသောအခါယောကျာ်းဖြစ်သူကဧည့်ခန်းစာပွဲကိုလှမ်းကြည့်လိုက်ရာ“မိန်းမဖြစ်သူရေးထားသည်မှာ” “ကျွန်မလည်းမောင့်ကိုချစ်ပါတယ်”..ဟူ၏။



မဟာပညာရှိ 


တစ်ခါက တိုင်းပြည်နှစ်ပြည်မှာ ညီနောင်ဝမ်းကွဲ မင်းနှစ်ပါး
အသီးသီးအုပ်ချုပ်လျှက်ရှိသတဲ့။ နောင်တော်မင်းသည် ညီတော်၏တိုင်းပြည်အား
စစ်မက်ပြုပြီး သိမ်းပိုက်ဖို့ အမြဲကြံစည်နေတယ်။
တစ်နေ့မှာ လူသူလက်နက်အလုံးအရင်းဖြင့် မြို့အားဝန်းရံပြီး ညီတော်အား .. ''
မေးခွန်း (၃)ခုမေးမည် ၊ မဖြေနိုင်က နိုင်ငံကိုသိမ်းမည်။
အားလုံးဖြေနိုင်လျှင် တပ်ရုတ်သိမ်း၍ ပြန်မည် …'' ဟု ရာဇသံပို့သည်။
ညီတော်မင်းလည်း ''မေးခွန်းအား မည်သူဖြေနိုင်မည်နည်း ၊ ဖြေနိုင်သူကို
အိမ်ရှေ့စံနှင်း၍ သူကောင်းပြုမည်'' ဆိုပြီးကြေငြာတာပေါ့။ ဒါပေမယ့်
ဘယ်သူမျှ မဖြေ၀ံ့ကြဘူးတဲ့ ။ ကိုယ်ဖြေလို့မှားသွားရင်ဖြင့်
ဒုက္ခများမှာကိုး .. ။
အဲဒီအချိန်မှာပဲ အမူးသမားတစ်ယောက် စင်ပေါ်တက်လာပြီး ''မေးခွန်းအား
ကျုပ်ဖြေမည် ၊ မေးပါ ..'' လို့ ဆိုသတဲ့။ အားလုံးကလည်း
အံ့အားသင့်နေကြတာပေါ့။ မဟာပညာရှိကြီး ဆိုပြီး အားကိုးတကြီးနဲ့
ကြည့်နေကြတယ်။

မေးခွန်းတွေကအသံတိတ်တွေ ၊ အမူအရာနဲ့ပဲမေးတယ်။

ပထမမေးခွန်းကိုစမေးတယ် -
မေးတဲ့သူက အမူးသမားကို လက်ငါးချောင်းထောင်ပြတယ်။
အမူးသမားက လက်ဆယ်ချောင်း ပြန်ထောင်ပြလိုက်တယ်။
အဖြေမှန်သွားပါတယ် ..

ဒုတိယမေးခွန်းက -
ရင်ဘတ်ကို လက်ဝါးနဲ့ပုတ်ပြတယ်။
အမူးသမားက ရင်ဘတ်ကိုကော ကျောကိုကော ပြန်ပုတ်ပြလိုက်တယ်။
ဒုတိယအဖြေ မှန်သွားပြန်ပါတယ် ..

တတိယမေးခွန်းမှာတော့ -
မေးတဲ့သူက အမူးသမားကို လက်သီးလက်မောင်း တန်းပြတယ်။
အမူးသမားက ပုဆိုးပြန်လှန်ပြလိုက်တယ်။

ဒီလိုနဲ့ အဖြေအားလုံးမှန်သွားပါတယ်။
ဝိုင်းထားတဲ့စစ်တပ်ကြီးလည်း ကတိအတိုင်း ပြန်ရုတ်သွားတယ်။

တိုင်းသူပြည်သားတွေကလည်း ချီးကျူး ၊ ဘုရင်ကလည်း အမူးသမားကို
အိမ်ရှေ့အရာနှင်းတာပေါ့။
နန်းတွင်းက ပညာရှိအမတ်တွေဟာ သူတို့တောင် မဖြေနိုင်တဲ့ မေးခွန်းတွေရဲ့
အဓိပ္ပါယ်ကို သိချင်လွန်းတဲ့အဆုံး အသစ်စက်စက် မဟာပညာရှိ အိမ်ရှေ့စံ
ကိုယ်တော်လေးထံ ချည်းကပ်မေးမြန်းကြတာပေါ့။
ဒီတော့ မဟာပညာရှိကိုယ်တော်လေးက ရှင်းပြတယ် ..
'' အလကားပါဗျာ .. ဒီကောင်တွေက ကျုပ်ကို အရက်သမားမှန်းသိလို့ ထင်တယ် ''
''မင်း တစ်နေ့ကို အရက်ငါးလုံး သောက်နိုင်လား'' လို့မေးတယ် ၊ ကျုပ်ကလည်း
''ငါးလုံးမကဘူး ဆယ်လုံးကုန်အောင်သောက်နိုင်တယ်''လို့ ပြန်ဖြေလိုက်တယ်။
ဒီတော့ ''မင်းဒီလိုသောက်တာ ရင်မပူဘူးလား'' ဆိုပြီး ရင်ဘတ်ကိုပုတ်ပြတယ်။
ကျုပ်လည်း ''ရင်တင်မကဘူး ကျောပါပူတာပေါ့ကွာ'' ဆိုပြီးပြန်ပြောလိုက်တယ်။
နောက်ဆုံး ''မင်းဒီလောက်မိုက်တာ ငါနဲ့ချမလား''
ဆိုပြီးလက်သီးလာထောင်ပြတယ်။ ကျုပ်လည်း ''မင်းနဲ့တော့မချဘူး မင်းတို့ကို
ဒါပဲထင်တယ်ကွာ'' ဆိုပြီး ပုဆိုးလှန်ပြလိုက်တာ
သူတို့ဘာမှပြန်မပြောရဲတော့ဘူးလေ .. ဟား ဟား ''

မေးခွန်းတွေရဲ့အဓိပ္ပါယ်အမှန်ကဒီလို ..
(၁) မင်းတို့ဘုရင်က ငါးပါးသီလနဲ့ပြည့်စုံလား .. ။
(အမူးသမားက လက်ဆယ်ချောင်းပြန်ထောင်ပြလိုက်တော့ '' ငါးပါးတင်မကဘူး
ဆယ်ပါးသီလနဲ့ပါ ပြည့်စုံတယ်'' လို့ထင်သွားတာ)

(၂) မင်းတို့ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သလား .. ။
(အမူးသမားက ရင်ဘတ်ကော ကျောကုန်းကော ပုတ်ပြလိုက်တော့ ''ကျောသားရင်သား
မခွဲခြားပဲ စောင့်ရှောက်တယ်'' လို့ထင်သွားတယ်)

(၃) မင်းတို့ဘုရင်က လက်ရုံးရည်နဲ့ ပြည့်စုံလား .. ။
(ပုဆိုးလှန်ပြလိုက်တာကို '' လက်ရုံးရည်တင်မကဘူး ၊
နှလုံးရည်နဲ့ပါပြည့်စုံတယ်'' လို့ ယူဆသွားတာကိုး ...)



ပြောချင်လွန်းလို့


မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကား အလွန်တတ်ချင် သဖြင့် အမြဲလေ့လာလျက်ရှိသည်။ နေ့စဉ်အရပ်သုံး မြန်မာစကားများကို လေ့လာ ကျက်မှတ်သည့်အပြင် အိတ်ဆောင် မှတ်စုစာအုပ်လေးဖြင့်လည်း မြန်မာစကား အသံထွက်များကို ဂျပန်လို ရေးမှတ်ထား လေ့ရှိသည်။ တစ်နေ့တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီးလျှက် မြို့ထဲသို့ ထွက်လာစဉ် လမ်းလျှောက်လာသော မြန်မာတစ်ယောက်ကို မမျှော်လင့်ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။

အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါ လဲကျသွားသည်။ ထိုအခါ လဲနေရာမှ ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို ထုတ်လျှက် စာရွက်များကို အပြင်းအထန်လှန်နေသည်။ ကိုရွှေမြန်မာမှာမူ သူ့ကို ရေးမှတ်သွားကာ ဖမ်းဆီးမည် ထင်ပြီး ကြောက်လန့်နေ၏ ။ သို့သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်၍ အားရပါးရအော်လိုက်သံကို ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကို မနည်းချုပ်တည်း ထားရလေသည်။ ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော “အောင်မလေးဗျ” ဟူသတည်း။








No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့