Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 17 May 2012

လောကဒဏ်

အမေ...
ရေတိုက်စားတိုင်း
ကမ်းပါးမပြိုနိုင်သလို
ရင်ဆိုင်တိုက်ခိုက်တိုင်းလဲ
ကျွန်တော်မပြိုခဲ့ပါဘူး...။
လေပြင်းတိုက်တိုင်း
သစ်ရွတ်မကြွေနိုင်သလို
ကဲ့ရဲ့ဝေဖန်တိုင်းလဲ
ကျွန်တော်မလေခဲ့ပါဘူး...။
တစ်ယူရယ်သန် မောဟတွေများတဲ့
ဟောဒီလောကကြီးရဲ့ ရင်ကွဲဒဏ်ကို
ဂန္ထဝင်ဆန်စွာ အနိုင်ယူအန်တုခဲ့တဲ့
အမေ့ရဲ့ အားမာန်တွေ
ကျွန်တော်ရင်ထဲမှာ
အစဉ်ထာဝရစီးဆင်နေဆဲပါအမေးးးးးးးးးးးးးးးးးးး ။  ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့