Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 17 May 2012

မိန်းကလေးတွေအပေါ်မှာ ထားရှိရမဲ့ အချက်လေးများ

(၁)   မိန်းမတွေကို သင့်ဗိုက်ထဲက သံကောင်မဟုတ်ဘူး။ သူ့ကို သင်ချစ်တယ်၊ မချစ်ဘူးဆိုတာကို သင်မပြော၊ သင်မပြဘဲနဲ့
သူသိနိုင်မှာ မဟုတ်ဘူး။

(၂)    မိန်းကလေးတွေ ချွဲနွဲ့တဲ့အချိန် သူ့ကိုလျစ်လျူမရှူလိုက်ပါနဲ့။ သူ့ချွဲနွဲ့တာကို လျစ်လျူရှူရင် သူ့ကို သင်အရေးမစိုက်ဘူး၊
သင်ရင်ထဲမှာသူမရှိဘူးလို့ သူထင်လိမ့်မယ်။

(၃)   ကာမဆိုတာ မိန်းကလေးတွေအတွက် ယောက်ျားလေးတွေ ထင်ထားသလောက် အရေးမပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်
သူချစ်တိုင်း သူလိုအပ်တယ်၊ သူ့ကို ပြည့်ဝစေမယ်လို့မယူဆလိုက်နဲ့။ ဒီလိုထင်ခြင်းက သင်ဟာ ကာမကို
သူ့ထက်ပိုကြိုက်တယ်လို့သူထင်လိမ့်မယ်။

(၄)   သူအင်္ကျီအသစ်ဝတ်ထားရင် သင့်လျော်တဲ့ချီးမွမ်းစကားကို ပြောပေးပါ။ အင်္ကျီက ဟိုက်လိုက်တာ၊ ပါးလိုက်တာ၊
တိုလိုက်တာလို့ပဲ အပြစ်မဆိုတတ်ပါနဲ့။ တကယ်လို့ပါးပါး၊ ဟိုက်ဟိုက်၊ တိုတိုလေးဝတ်ထားရင် “ဒီအင်္ကျီ ခင်ဝတ်တာလှတယ်။
ဒါပေမယ့်

မောင့်ကိုပဲ ၀တ်ပြရမယ်နော်”လို့ ပြောပါ။ ထက်မြက်တဲ့သူ သင့်အပြောကိုသဘောပေါက်ပါလိမ့်မယ်။

(၅)    “မင်း ဘာနားလည်လို့လဲ? ငါ့ကိစ္စမှာ မင်းဝင်မပါနဲ့” လို့ မကြာခဏ မပြောပါနဲ့။ မိန်းကလေးမှာလည်း မိမိကိုယ်ကိုယ်လေးစား
မှု(Self-respect)ဆိုတာရှိတယ်။ သူအရမ်းချစ်တဲ့ ယောက်ျားလေးရှေ့မှာပဲဖြစ်ဖြစ်မိမိကိုယ်ကိုယ်လေးစားမှု သူ့မှာရှိတယ်။

(၆)   သူတစ်ယောက်ထဲ နေနေတဲ့အချိန် သူ့ကိုလွတ်လပ်ခွင့်ပေးပါ။“နင် ဒီနေ့ ဘာဖြစ်နေတာလဲ? ထူးဆန်းလိုက်တာ” လို့ မပြော
ပါနဲ့။သူငြိမ်နေတဲ့အချိန် သူ့ကိုပွေ့ဖက်ပေးထားလိုက်ပါ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မေးခွန်းတွေ မထုတ်ပါနဲ့။

(၇)   သူ့မှာလည်း လိင်ကွဲသူငယ်ချင်းတွေ ရှိလိမ့်မယ်။ စိတ်တူ သူငယ်ချင်းတွေရှိလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့… မိန်းကလေးတွေဟာ
ချစ်သူနဲ့သူငယ်ချင်းကို ယောက်ျားလေးတွေထက်တောင် ရှင်းရှင်းလင်းလင်း ခွဲထားတတ်ကြတယ်။

(၈)    အပြင်ထွက်လည်ရင် သင်တစ်ယောက်တည်း မကြာခဏ မသွားပါနဲ့။ သဘောထားကြီးပြီး မိမိကိုယ့်ကိုယ်ဘယ်လောက်
ပဲ ယုံကြည်မှုရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် သူနဲ့သင် အတူမသွားချင်လို့၊ သူ့ကိုစိတ်ကုန်နေပြီလို့ သူထင်တတ်တယ်။

(၉)   မနာလို၊ ၀န်တိုတယ်ဆိုတာ မိန်းကလေးရဲ့မွေးရာပါ အတတ်ပညာဖြစ်တယ်။ သင့်အပေါ် မ၀န်တိုတတ်တဲ့မိန်းကလေး
ဆိုတာ သင့်ကိုတကယ်မချစ်လို့ဖြစ်တယ်။ ဒါပေမယ့်မိန်းကလေးတွေက ၀န်တိုတာများလေ စိတ်ထိခိုက်၊ ခံစားရလေမို့
နောက်ဆုံးမှာသူချစ်တဲ့သင့်ကို ခွဲသွားနိုင်ပါတယ်။

(၁၀)   မိန်းကလေးတွေ လိုအပ်တဲ့အချစ်က ယောက်ျားလေးတွေလိုအပ်တဲ့အချစ်နဲ့ တူတူဖြစ်တယ်။ ဒါကြောင့် အချစ်တွေလိုအပ်တဲ့
သူကို “လွန်ကဲ”တယ်လို့အပြစ်မဆိုပါနဲ့။

(၁၁)   ခိုးစားတဲ့ကိုယ့်ချစ်သူ/ယောက်ျားကို ခွင့်လွတ်နိုင်တဲ့မိန်းကလေးက အနည်းစုဖြစ်တယ်။ ကိုယ့်မိန်းကလေးကို အနည်းစု
ထဲထည့်ဖို့ မမျှော်လင့်ပါနဲ့။တကယ်လို့ သူခွင့်လွတ်နိုင်ရင် မျှတတဲ့နည်းလမ်းနဲ့ သူလည်း ခိုးစားလိမ့်မယ်။
ဒီအချက်တွေဟာ မိမိချစ်တဲ့မိန်းကလေးအပေါ်မှာ ထားရမဲ့ ယောင်္ကျားလေးတွေရဲ့ စိတ်ထားလေးတွေပါ။ အကုန်လုံး
မထားနိုင်ရင်နေပါ အနည်းဆုံးတော့ ၅ ချက်လောက်တော့ စောင့်ထိန်းနိုင်မယ်လို့ ထင်ပါတယ်။ မိန်းကလေးတိုင်းမှာ တစ်ချို
့တွေက စိတ်ဓါတ်မာကြောတယ်လို့ ထင်ရတဲ့ မိန်းကလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမာကြောတဲ့မိန်းကလေးတွေ
ကကိုယ့်ချစ်သူနဲ့တွေ့ရင် စိတ်ဓါတ်အနုဆုံး မိန်းကလေးတွေဖြစ်သွားတတ်ကြပါတယ်။
အကုန်လုံးကိုလေးစားလျက်
ပြည့်စုံ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့