Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

သင်္ကြန်အတွင်းတွင် ယာဉ်မောင်းနှင်သူများကို Alcohol Tester ဖြင့် စစ်ဆေးသွားရန်ရှိ


ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ သတင်း ထုတ်ပြန်ချက်များအရ သင်္ကြန်ကာလအတွင်း ယာဉ်မောင်းနှင်သူများ
အား အရက်သေစာ သောက်စားထားခြင်း ရှိ၊ မရှိကို အရက်မူးတိုင်းကိရိယာAlcohol Tester နဲ့ တိုင်းတာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့  သိရပါတယ်။

အရက်သေစာ သောက်စားပြီး မောင်းနှင်တာကို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ကြန်ကာလအတွင်း အပျော်လွန်ကျူး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ မော်တော်ယာဉ်များမှာ အိတ်ဇောပိုက်ဖြုတ်ခြင်း၊ ယာဉ်နံပါတ်ပြား မပါရှိဘဲ မောင်းခြင်း၊ ယာဉ်နံပါတ်အတုများ၊ အခြားယာဉ်နံပါတ်များ တပ်ဆင်မောင်းနှင်ခြင်း မပြုလုပ်ရဘူးလို့ သိရပါတယ်။

ယာဉ်ရဲ့ ဘေးတံတခါးများ၊ နောက်ဖုံးများ ဖြုတ်ပြီး မောင်းနှင်ခြင်း၊ ဖျက်သိမ်းထားတဲ့ ယာဉ်အို၊ ယာဉ်ဟောင်းများ၊ မှတ်ပုံမတင်ရသေးတဲ့ ယာဉ်များနဲ့ ပြုပြင်ဆဲယာဉ်များ မောင်းနှင်ခြင်း၊ နိုင်ငံတကာအလံများ၊ ယာဉ်တွင် တပ်ဆင်မောင်းနှင်ခြင်း မပြုလုပ်ရဘူးလို့ သိရပါတယ်။

ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်။ အခုအခါ အချက်အခြာကျတဲ့ လမ်းဆုံ၊ လမ်းခွ၊ မီးပွိုင့်များမှာလည်း ခေတ်မီပစ္စည်းကိရိယာများဖြစ်တဲ့ CCTV Camera, RED Light Running Camera များ တပ်ဆင်ထားပြီးဖြစ်သဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများကို အဆိုပါ ကင်မရာများနဲ့ ရိုက်ကူးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့