Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

သင်္ကြန်မဏ္ဍပ်များ အနီးတွင် ၂၄၀ လီတာဆံ့ အမှိုက်ပုံးများ ချထားပေးမည်


မကြာမီ ကျရောက်မယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်မှာ သင်္ကြန်မဏ္ဍပ်များ အနီးမှာ ၂၄၀ လီတာဆံ့ အမှိုက်ပုံး ၁၀၀ ခန့်ကို ချထားပေးသွားမှာ ဖြစ်တယ်လို့
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဲ့ဒီလို ၂၄၀ လီတာဆံ့ အမှိုက်ပုံးများကို သင်္ကြန်မဏ္ဍပ်များ အများဆုံးရှိတဲ့ ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ပြည်လမ်း တောက်လျှောက်မှာ ချထားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ၂၄၀ လီတာဆံ့ အမှိုက်ပုံးများ ချထားမှုများကို သင်္ကြန်ရက်ပြီးတဲ့အခါ ပြန်လည်သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။

အခုလို သင်္ကြန်မဏ္ဍပ်များအနီးမှာ အမှိုက်ပုံးများ ထားရှိမှုဟာ ယခုနှစ်မှ စတင်ထားရှိတာဖြစ်ပြီး မဏ္ဍပ်များက အမှိုက်စွန့်ပစ်မှုများဟာ များပြားလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ မဏ္ဍပ်ကြီးများမှာ အမှိုက်စွန့်ပစ်မှုဟာ ပိုမိုများပြားလာတာဖြစ်ပြီး မဏ္ဍပ်ကြီးများကို အမှိုက်ခွန် ယခင်က သင်္ကြန်ရက်အားလုံးကို ခြောက်သောင်း ကောက်ခံကာ ယခုနှစ်မှာ သင်္ကြန်ရက် အားလုံးအတွက် ကျပ် ခုနစ်သောင်းငါးထောင် တိုးမြှင့်ကောက်ခံတာ ဖြစ်ပါတယ်။

သင်္ကြန်မဏ္ဍပ်အားလုံးကို ယခင်နှစ်သင်္ကြန်များက မဏ္ဍပ်ပိတ်သိမ်းချိန် ညနေမှ သန့်ရှင်းရေး ၀န်ထမ်းများက အမှိုက်များကို သိမ်းဆည်းတာဖြစ်ပြီး ယခုနှစ်သင်္ကြန်မှာ နေ့လည်မဏ္ဍပ်နားချိန်နဲ့ ညနေမဏ္ဍပ်ပိတ်သိမ်းချိန်မှာ သန့်ရှင်းရေး ၀န်ထမ်းများက ၂ ကြိမ် သိမ်းဆည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့