Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

သင်္ကြန်တွင်း မီးသတ်ရေငုတ်ပိုက်များမှ ရေသွယ်ယူပါက အရေးယူ ဆောင်ရွက်သွားမည်


သင်္ကြန်ရက်များ အတွင်းမှာ ရေဆော့ကစားသူတွေ အနေနဲ့ မီးသတ်ရေငုတ်ပိုက်တွေမှ ရေသွယ်ယူ ကစားပါက အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့
သက်ဆိုင်ရာဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိအချိန်အထိ ရန်ကုန်မြို့တွင်းမှာ မီးသတ်ရေငုတ် တိုင်ပေါင်း ၃၀၀ ကျော်ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် သင်္ကြန်ကာလအတွင်းမှာ သင်္ကြန်ရေကစားမဏ္ဍပ်တွေ၊ မိသားစု ရေကစား မဏ္ဍပ်တွေ အနေနဲ့ မီးသတ်ရေငုတ်ပိုက်တွေကနေ တဆင့် ရေသွယ်ကစားပါက သက်ဆိုင်ရာ ဦးစီးဌာနမှ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို မီးသတ်ရေယာဉ်တွေကနေ ရေသွယ်ကစားခွင့်မပြုခြင်းဟာ မီးသတ်ရေငုတ်ပိုက်တွေကို မီးလောင်တဲ့အခါ မီးငြိမ်းသတ်နိုင်ဖို့အတွက် အဓိက ထားရှိတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ကာလအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာ ရေကစားသူတွေအနေနဲ့ မိမိ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ခြင်း၊ မီးခလုတ်များကို စနစ်တကျ ပိတ်ခြင်းများ ပြုလုပ်ပြီးမှ နေအိမ်ပြင်ပသို့ ထွက်ခွာကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြဖို့ ထုတ်ပြန် ထားကြောင်း သတင်းရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့