Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

ညကမ္ဘာထဲကနွံ

အသွေးအသားကို
ညဈေးကွက်မှာမှောင်ခိုရောင်းလို့
တစ်ဝမ်းတစ်ခါးအတွက်
ခန္ဓာကိုယ်နဲ့မျှားနေကြရတဲ့
မျိုးဆက်သစ်တို့ရဲ့မိခင်လောင်းတွေ
မီးရောင်မှိန်မှိန်အောက်မှာ
ရေတွက်လို့မဆုံးနိုင်ဘူး။
စံပယ်တွေလိုဖြူစင်ခဲ့ကြလဲ
နေအစင်းတစ်ရာထက်ဆိုးတဲ့
အခွင့်အရေးချိုးဖောက်မူ့မှာ
ခရေပန်းလိုနွမ်းကြွေနေရ
သူတို့လေးတွေရဲ့
မီးရောင်ကိုရှောင်ညအမှောင်ထဲ
ဧည်သည်မျှော်ရတဲ့ ဒုက္ခ
ဘယ်သူက
စာနာ၊နားလည်ပေးနိုင်ကြလို့လဲ။
သူတို့အပေါ်မှီခိုနေသူတွေ
အူမတောင့်ပြီး သီလစောင့်ဖို့
ပေးဆပ်ထားရတဲ့အရင်းအနှီး
ညဥ့်ငှက်မလေးရဲ့ဘ၀ခရီးမှာ
ဘယ်လောက်ထိများလဲဆိုတာ...။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့