Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

ကြာငုံပမာ


လောကမှာ ပုဂ္ဂိုလ်(၄)မျိုးရှိတယ်ဆိုတာတော့ လူတိုင်းသိပြီးဖြစ်လောက်ပေမယ့် ဒီစာလေးကို တင်ချင်နေလို့ ….
ဒါကိုပဲ ကြာ-၄ မျိုးနဲ့ နှိုင်းယှဉ်ပြီး ဟောပြထားတာလေး နာယူခဲ့ရတာမို့ ပြန်လည်ဝေမျှလိုက်ပါတယ်။


၁. အချို့ ကြာငုံဟာ ရေနဲ့မထိဘဲ ရေကိုကျော်လွန်ပြီး ပွင့်တယ် ။


၂. အချို့ ကြာငုံကတော့ ရေမျက်နှာပြင်နဲ့ အညီအမျှ တည်ပြီး ပွင့်သတဲ့။


၃. အချို့ ကြာငုံကကျတော့ ရေထဲမှာ ရှည်ကြာစွာ နစ်မြှုပ်နေပြီး အချိန်အတော်ကြာမှ ရေထက်ပေါ်လာပြီး ပွင့်သတဲ့ ။ 

၎. အချို့ ကြာငုံများကျတော့ ရေထက်မရောက်နိုင်တော့ပဲ ရေတွင်းမှာပဲ ငါး ၊ လိပ် တို့ရဲ့ အစာ ဖြစ်ပြီးပျက်စီးရသတဲ့ ။
ဒီနေရာမှာ “ရေ” သည် ကိလေသာကို ဖော်ညွှန်းပါတယ် ။

“ကြာငုံ” ကတော့ “လူပုဂ္ဂိုလ်” လို့မြင်ထားပေါ့ ။


ဒီတော့ နံပါတ် (၁) အမျိုးအစားက လူပုဂ္ဂိုလ်သည် ရေနဲ့တူတဲ့ ကိလေသာက ကျော်လွန်လို့ တရားသဘောကို အကျဉ်းပြကာမျှနှင့် တရားအသိရရှိနိုင်တဲ့ လူစားမျိုးလို့ဆိုလိုပါတယ်။



နံပါတ် (၂) ကျတော့ ကိလေသာရေနဲ့ ဥာဏ်အရောင်နဲ့ ညီမျှနေတဲ့အတွက် တရားသဘောကို အကျယ်ပြမှ တရားအသိ ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့ ။



နောက်တစ်ခု နံပါတ် (၃) အမျိုးအစားကျတော့ ကိလေသာရေမှာ နစ်ပြီး ဥာဏ် ငုတ်နေတယ်။ အကျဉ်းအကျယ်ဟောပြရုံနဲ့ တရားမသိဘူး။ အလွန်ကြိုးစား အားထုတ်ပါမှ ပေါက်ရောက်နိုင်ပါတယ် ။


နောက်ဆုံး နံပါတ် (၄) ကတော့ ကိလေသာ အားကောင်းပြီး ပါရမီဥာဏ် အားနည်းတဲ့အတွက် တရားနာရုံမျှနှင့် ပုဒ်အနက် အဓိပ္ပါယ်မျှသာသိနိုင်ပြီး တရားသဘောကို ကိုယ်ပိုင်ဥာဏ်နဲ့ သိမြင်ခွင့် မရနိုင်သေးလို့ ရေ အတွင်းမှာပဲ ငါးစာ ၊ ဖားစာဖြစ်ရပြီး ပျက်စီးရတဲ့ ကြာလို ယခုဘ၀မှာဘယ်လိုပင် တရားအားထုတ်သော်လည်း ပေါက်ရောက်နိုင်ခွင့်မရှိတဲ့ ပုဂ္ဂိုလ်မျိုး တနည်းပြောရင် ဒီဘ၀မှာ တရားနဲ့ ထိတွေ့ခွင့်မရပဲ သေသွားရတဲ့လူမျိုးပေါ့နော်။ အဲလိုလူမျိုးကို ဆိုလိုပါတယ်။



ကဲ ဒါဆိုရင် တို့တွေဟာ ဘယ် အမျိုးအစားထဲပါသလဲ ဆိုတာ ဆန်းစစ်လို့ ရပြီပေါ့နော် ။ ဘာပဲဖြစ်ဖြစ် နံပါတ် (၄) ထဲမပါရင်ပဲ တော်လှပါပြီနော် ။
အဓိက ကတော့
မိမိကိုယ်ကိုမိမိချစ်တယ်ဆိုရင် ကိုယ့်စိတ်ကလေးကို ကောင်းစွာ စောင့်ရှောက် ကြရပါမယ် ။ ပထမ ၊ ဒုတိယ ၊ တတိယ အရွယ်သုံးပါးလုံး မစောင့်ရှောက်နိုင် စေကာမူ အရွယ်တစ်ခုခုမှာတော့ ကိလေသာ စင်ကြယ်အောင် သုတ်သင် ရမယ် ဆိုတာ သတိလေးပေးရင်းနဲ့ပဲ တော်ကြပါဦးစို့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့