Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 2 April 2013

မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအကြား ဘာသာခြားများ ထိုးဖောက်ဝင်ရောက်နိုင်သော အားနည်းချက်များကို လေ့လာခြင်း


မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ, ခရစ်ယာန်ဘာသာ, ဟိန္ဒူဘာသာ, မူစလင်ဘာသာ, နတ်ကိုးကွယ်သူဟူ၍ ဘာသာရေးနယ်ပယ်တွင် အပိုင်းငါးပိုင်းရှိလေ၏။ ထိုတွင် - ဗုဒ္ဓဘာသာသည် (68) ရာခိုင်နှုန်းဖြင့် အင်အားအများဆုံး ကိုးကွယ်သူလူဦးရေအများဆုံးအဖြစ် တည်ရှိလေ၏။ များသောအားဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် သက်ဆိုင်ရာဘာသာများကို ကိုးကွယ်နေကြသော်လည်း ရိုးရာနတ်ကိုးကွယ်မှုအပိုင်းတွင်မူ တူညီကြလေသည်။
ယနေ့အခြေအနေတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာသည် အခြားဘာသာများ၏ ထိုးဖောက်ဝင်ရောက်မှုကို ခံနေရလေသည်။ ထိုသို့ မြန်မာဗုဒ္ဓဘာသာဝင်များအပေါ် အခြားဘာသာများ၏စိမ့်ဝင်ခြင်းသည် အောက်ဖော်ပြပါ အားနည်းချက်များကြောင့် ဖြစ်ပေသည်….။
ထိုအားနည်းချက်မှာ-
၁။ ဆင်းရဲမွဲတေမှု
၂။ လှူပုံအခြင်းအရာ ကွာခြားမှု
၃။ အသိဥာဏ်ဗဟုသုတ ခေါင်းပါးမှု
၎။ မိရိုးဖလာကြီးစိုးမှု
၅။ ရဟန်းတော်များ၏ အနေအထိုင်လျော့မှု
၆။ ရဟန်းတော်များ၏ သည်းခံစိတ်နည်းပါးမှု
၇။ ရဟန်းတော်များနှင့်လူပုဂ္ဂိုလ်များ၏ ခြားနားသောဘ၀ရပ်တည်မှု
၈။ ရှေးရိုးအစဉ်အလာများအား မပယ်လှန်နိုင်မှု
၉။ ရဟန်းတော်များ၏ သာသနာပြုရာ၌ ပင်ပန်းဆင်းရဲမှုအပေါ် ကြောက်ရွံ့မှု
၁၀။ ဗုဒ္ဓတရားတော်များအား ခေတ်နှင့်အညီတွေးခေါ်နိုင်စွမ်း နည်းပါးမှု
၁၁။ ဘုန်းတော်ကြီးသင်ပညာရေးကြောင်းများ၏ ပညာရေးအားနည်းမှု
၁၂။ ခေတ်မှီပညာရေးအပေါ် ရဟန်းတော်များ ချည်းကပ်ခြင်းနည်းပါးမှု
၁၃။ ရဟန်းတော်များ၏ လူမှု့ဆက်ဆံရေးအပိုင်း အားနည်းမှု
၁၄။ ထိရောက်သော ဘာသာရေးရံပုံငွေအဖွဲ့မရှိမှု
၁၅။ သာသနာပြုနည်းများ လွဲမှားမှု
၁၆။ သာသနာပြုမျိုးဆက်သစ်မွေးရာ၌ အားနည်းမှု
၁၇။ အခြေခံ ဗုဒ္ဓတရားတော်အသိ အားနည်းမှု
၁၈။ ပျော်ပွဲရွှင်ပွဲများအပေါ် လူငယ်များ အလွန်အကဲခုန်မင်မှု
၁၉။ ဗုဒ္ဓဘာသာဝင် ရဟန်း,ရှင်,လူတို့၏ ညီညွတ်ခြင်း အားနည်းမှု
၂၀။ သာသနာတော်ဆိုင်ရာပွဲတော်များလုပ်ရာတွင် အခက်အများအပြားတွေ့ကြုံရမှု
၂၁။ မြန်မာမိန်းကလေးများ၏ အရှက်နည်းမှု
၂၂။ မိန်းကလေးများ၏ ချစ်ခြင်းတရားနှင့်ပတ်ဝန်းကျင်ကို အယုံလွယ်မှု -တို့ဖြစ်ပါသည်။

၁။ ဆင်းရဲမွဲတေမှု
မြန်မာနိုင်ငံတွင် လူဦးရေအများစုသည် လက်လုပ်လက်စား အခြေခံလူတန်းစားများဖြစ်သည်။ ထိုလူတန်းစားများ၏ ငွေကြေးအကျပ်အတည်းပေါ် အမြက်ထုတ်၍ အခြားဘာသာများ၏ စည်းရုံးထောက်ပံ့မှုသည် ဘာသာကူးပြောင်းရန် အလားအလာအများဆုံး ပစ်မှတ်တစ်ခုဖြစ်သည်…။ ထိုအခက်အခဲကို ကာကွယ်ရန် အကောင်းဆုံးဖြစ်နိုင်သောနည်းလမ်းမှာ ဗုဒ္ဓဘာသာဝင်များအားလုံး ဘာသာဝင်အချင်းချင်း စည်းစည်းလုံးလုံးဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းသင့်ခြင်းပင် ဖြစ်သည်….။

တစ်ယောက်ကောင်းစား တစ်ယောက်မနာလိုသောစရိုက်ကို မြန်မာနိုင်ငံ၌ အများဆုံး တွေ့မြင်နိုင်ပေသည်။ နိုင်ငံခြားရောက် အချို့သောမြန်မာလူမျိုးတို့သည် ကိုယ့်လူမျိုး, ကိုယ့်ဘာသာဝင်အချင်းချင်းပင် လိမ်လည်လှည့်ဖျား၍ ဒုက္ခတွင်းထဲတွန်းပို့တတ်သည်ကို ကြားနာမှတ်သားဖူးပါသည်….။ ဤကဲ့သို့ မွေးရပ်မြေနှင့်ဝေးသော အထီးကျန်နယ်များတွင်သော်မှ မစည်းလုံးကြလျှင် ကိုယ့်နိုင်ငံအတွင်းရောက်လျှင် ထိုသူတို့၏စိတ်ထား ဘယ်လောက်ကြမ်းကြုတ်မည်ကို တွေးကြည့်ရုံမျှနှင့်သိနိုင်ပေသည်….။
စီးပွားရေး၌ အောင်မြင်လိုသောလူတစ်ဦးဖြစ်ချင်လျှင် ပထမဦးစွာလုပ်သင့်သည်မှာ မိမိပတ်ဝန်းကျင်ကို မြှင့်တင်ပေးခြင်းပင်ဖြစ်ပါသည်…။ သန်းတစ်ထောင်အရင်းအနှီးထုတ်ကာ စီးပွားရေးလုပ်သောလည်း မိမိပတ်ဝန်းကျင်တွင် ကျပ်တစ်ရာတန်များချည်းသာတည်ရှိပါက မိမိအမြတ်သည် ကျပ်တစ်ရာမျှသာ ရှိပေမည်..။ သန်းတစ်ရာမြတ်လိုလျှင် ထိုသူတို့အား သန်းတစ်ရာတန်ဖြစ်စေရန် ကူညီ၍ မြေတောင်မြှောက်ပေးသင့်ပေသည်….။
ပန်းများသည်ဝတ်မှုံကူးသကဲ့သို့ လူမှုစီးပွားရေးတွင်လည်း ၀တ်မှုကူးခြင်းဓလေ့ရှိသည်။ ကောက်ညှင်းစိုက်သောလယ်နှင့်နီးသော ငစိန်ဆန်သည် စေးကပ်ခြင်းဖြစ်သည့်နည်းတူ ငစိန်ဆန်နှင့်နီးသောကောက်ညှင်းသည်လည်း စေးကပ်ခြင်းအာနိသင် နည်းပါးတတ်သည်ကို လူတိုင်းကြားဖူးကြပေမည်…။ ထို့ကြောင့် ချမ်းသာကို တစ်ယောက်တည်းမောင်ပိုင်စီးလိုသောဆန္ဒကို တက်နိုင်သမျှချိုးနှိမ်ကာ ကိုယ့်လူမျိုး, ကိုယ်ဘာသာဝင်အချင်းချင်း လက်တွဲခေါ်ကြရန်လိုပေသည်…။ သို့မှသာ မိမိတို့၏ ကိုယ်ပိုင်တန်ဘိုးများ မြင့်တက်လာမည်ဖြစ်ပါသည်….။
ဆင်းရဲမှုကြောင့် ကိုယ်ကျင့်တရားကိုရောင်းစားကြသည်။ ..အူမတောင့်မှ သီလစောင့်မည်..ဟု ဖောင်းပွသောဒဿနကို ဦးထိပ်ထားကြသောလည်း တကယ် အူမတောင့်သောအခါတွင်ကား တကယ်သီလမစောင့်နိုင်ကြတော့ချေ။ ထို့သို့ ဆင်းရဲခြင်းအကျိုးဆက်ကြောင့် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းမှ တဖြည်းဖြည်းနှင့် ဘာသာတရား၏ဝေးရာသို့ ရောက်မှန်းမသိရောက်နေကြသူများ အများအပြားပင် ရှိပါသည်…။
ဤကဏ္ဍ၏အချုပ်ကိုဆိုရလျှင် -
ဆင်းရဲခြင်းဟူသော လက်တလောအခက်အခဲကိုဖြေရှင်းကြရန် ငွေကြေးချမ်းသာသော ဘာသာခြားများထံ အကူအညီတောင်းကြလေသည်။ ဘာသာခြားများသည် ဆင်းရဲသားတို့အားငွေချေးကာ ပြန်မဆပ်နိုင်သောအခြေအနေသို့ရောက်သောအခါ အတင်းအကြပ်ဘာသာကူးပြောင်းရန်အားထုတ်ကြသည်ကို နေရာတော်တော်များများတွင် တွေ့မြင်နိုင်ပါသည်…။ ဤပထမအချက်ကိုအကြောင်းပြု၍ ဘာသာပြောင်းသွားသူဦးရေသည် ဘာသာပြောင်းသွားသူအများစု၏ တစ်ဝက်ခန့်ရှိပေသည်။ ထို့ကြောင့် ကိုယ့်လူမျိုး, ကိုယ့်ဘာသာဝင်အချင်းချင်း ချမ်းသာမှုကိုမျှဝေခံစားနိုင်ရန် ကြိုးစားကြဖို့လိုပါသည်….။

(နောက်တစ်ပါတ်-ဆက်ရန်……………………………..)
မှတ်ချက်// ဤဘလော့ဂ်သည် အခန်း(၂၂)ခန်းဖြင့် ရေးသားထားသောဘလော့ဂ်မှ အခန်း(၁)-သာ ဖြစ်ပါသည်...။ ကျန်သည့်အခန်း(၂၁)ခန်းကို ယဉ်ကျေးမှုသင်တန်းပြီးဆုံးသော မေလကုန်လောက်တွင် ဆက်လက်ရေးသားသွားမည်ဖြစ်ပါသည်...။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့