Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 2 April 2013

ကျမချစ်တဲ့ လူ ...


သူ ...
ကျမ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတိုင်းကို
ထောင့်မျိုးစုံကနေ ပေးစွမ်းနိုင်တဲ့ လူ ... ။ 


သူ ... 
ကျမ စိတ်ကူးယဉ်ခုန်ဖူးတဲ့ အိပ်မက်တွေကို 
တစ်ခုချင်း လိုက်ဖြည့်ဆည်းပေးနေတဲ့ လူ .. ။ 


သူ ... 
ကျမ ဂျီကျ ဂျစ်တိုက် ဆိုးနွဲ့သမျှတွေကို
အပြုံးလေးတစ်ခုနဲ့ ခွင့်လွှတ်နိုင်တဲ့ လူ ... ။ 


သူ ... 
ကျမရဲ့ ကွက်လပ်မှန်သမျှကိုတွေး
တတ်စွမ်းသလောက်ဖြည့်စွက်ပေးနေတဲ့ လူ ... .


သူ ... 
ကျမကို အတိတ်ဆိုးတွေထဲက ဆွဲထုတ်
သူနဲ့အတူရှိတဲ့ နေ့ရက်တိုင်းမှာ အတိုင်းမသိ ပျော်ရွှင်စေတဲ့ လူ .. ။


သူ ... 
အရာရာတိုင်းကို ခပ်ပေါ့ပေါ့တွေး .. 
လိုအပ်ရင်ကျ ကျမအတွက်ရယ်လို့ ခေါင်းစဉ်တပ် ... လေးနက်တတ်တဲ့ လူ ... ။ 


သူ ... 
များပြားလှတဲ့ သူ့ရဲ့ အချိန်ဇယားတွေကြား ... 
ကျမအတွက် 'သီးသန့်' အချိန်လေးတစ်ခု ချန်ထားပေးတတ်တဲ့ လူ ... ။ 


သူ ... 
အရာရာတိုင်းမှ အလိုက်တသိ ... 
ကျမ အကြိုက်တွေကို ပြောစရာမလိုပဲ မှတ်သားထားတတ်တဲ့ လူ ... ။


လူ ... 
အဲ့ဒိ သူ ပေါ့ ..
ကျမ သိပ်ချစ်ရတဲ့ လူ ... ။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့