Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှု ဆောင်ရွက်မှု ပြီးဆုံး


၂၀၁၄ ခုနှစ်မှာ ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူဖို့အတွက် ပထမအဆင့်
စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့က စတင် ကောက်ယူခဲ့ရာ ဧပြီလ ၁၁ ရက်နေ့က စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်း ပြီးမြောက် အောင်မြင်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရဖွဲ့ လွှတ်တော်ရုံးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှုကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ မြို့နယ် ၂၀ မှာ ကောက်ယူခဲ့တာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း  စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူခြင်းကိုတော့ ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှ အမှတ် ၁၀ ရပ်ကွက်မှာ ကောက်ကွက် ၅ ကွက်၊ အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ် အမှတ် ၅ ရပ်ကွက်မှာ ကောက်ကွက် ၅ ကွက် စမ်းသပ်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရာမှာ မေးခွန်းများ မေးမြန်းရာ အချို့မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်း မရှိတာကို တွေ့ရှိခဲ့ကြောင်း စာရင်းကောက်ဆရာမ(၁)ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်း ပြီးမြောက် အောင်မြင်ခြင်း အခမ်းအနားမှာ သက်ဆိုင်ရာ မြို့နယ်နဲ့ ရပ်ကွက်များမှ သန်းခေါင်စာရင်း ကော်မတီများနဲ့ ပညာရေး ၀န်ထမ်းစာရင်းကောက် ဆရာ၊ ဆရာမများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့