Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ငန်းအဆင့် ဖြေလျှော့ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့


မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ၀န်ဆောင်မှု လုပ်ငန်းများမှ လုပ်ငန်းအဆင့်များ ဖြေလျှော့နိုင်ရေးအတွက် Working Group အဖွဲ့နဲ့ လုပ်ငန်း ညှိနှိုင်း
အစည်းအဝေးကို ဧပြီလ ၁၁ ရက်နေ့က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ဆိပ်ကမ်းများမှာ အခုလက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဖြေလျှော့သင့်တာများကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးထားပြီး သွင်းကုန်၊ ထုတ်ကုန်များ ဆောင်ရွက်ရာမှာ အခုလက်ရှိ ပြည်တွင်းမှာ လူအင်အားနဲ့သာ ဆောင်ရွက်မှုကြောင့် နှောင့်နှေးနေတယ်လို့ သိရပါတယ်။ သွင်းကုန်၊ ထုတ်ကုန်များ ဆောင်ရွက်ရာမှာ ယခုထက်မြန်အောင် ဆောင်ရွက်ပါက ကိုယ်ပိုင်ဆော့ဖ်ဝဲလ် ရေးဆွဲဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာတော့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထွေထွေ မန်နေဂျာ အပါအ၀င် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ် လုပ်ငန်း ဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကုန်လုပ်ငန်းဌာနနဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စာရင်းဌာနမှ တာဝန်ရှိသူများမှ ဆွေးနွေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် MIFFA ဥက္ကဋ္ဌ၊ ACL သင်္ဘောလိုင်းနဲ့ EFR သင်္ဘောလိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့