Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

သင်္ကြန်အထူး တရားစခန်းပွဲကြီးနှင့် ရဟန်းခံ/သီလရှင်ဝတ်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိ


သင်္ကြန် အထူးတရားစခန်းပွဲနဲ့ ရဟန်းခံ ၁၂၅ ပါး၊ သီလရှင် ၁၃၀ ပါး ၀တ်ပွဲအလှူကို ဧပြီလ ၁၁ ရက်နေ့က ပုညာရာမ မိုးကုတ် ၀ိပဿနာ ကျောင်းတိုက်မှာ
ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရဟန်းခံပေးခြင်းနဲ့ သီလရှင်ဝတ်ပေးခြင်းဟာဆိုရင် နှစ်စဉ်ပြုလုပ်ကျင်းပတာ ဖြစ်ပြီး ယခုအကြိမ်နဲ့ဆိုရင် ၇ ကြိမ်မြောက် ပြုလုပ်တာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာဆိုရင် သိမ်ဆင်း သံဃာတော် အပါး ၂၀၀ နဲ့ သီလရှင်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် ၅၅ ပါးတို့ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလို လှူဒါန်းမှုများကိုတော့ Golden Gate ကုမ္ပဏီမိသားစုတို့မှ လှူဒါန်းတာဖြစ်ပါတယ်။ အဆိုပါ လှူဒါန်းမှုများအတွက်လည်း ကျောက်တလုံး တောရ ဆရာတော် ဦးဝါသေဋ္ဌမှ ရေစက်ချတရား ကိုလည်း ဟောကြားပေး ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်တာဟာ သင်္ကြန်အထူးတရားစခန်းပွဲသာမက လစဉ်တရားစခန်းပွဲ ပြုလုပ်ခြင်းဟာ ၈၅ ကြိမ်မြောက်လည်းရှိပြီ ဖြစ်ပါတယ်။ အဲ့ဒီလို တရားစခန်းပွဲများ ပြုလုပ်ပေးခြင်းဟာ သာသနာ ထွန်းကားလာစေဖို့နဲ့ သင်္ကြန်တွင်း အထူးတရားစခန်းပွဲများ ပြုလုပ်ခြင်းဖြင့် တရားမှတ်ယူနည်းများကို သိရှိလာဖို့အတွက် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့