Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 April 2013

ပြုံးနေတဲ့လမင်း


မွေးကတည်းက၊ သားဘ၀ကို
တွေးဆပျော်နေ၊ မွေးအမေ.....။
အရွယ်ရောက်လာ၊ ကျောင်းအပ်ကာထား
ပညာသင်ပေး၊ ငွေရှာပေးလျက်
လူရေးလူရာ၊ မြင့်မားလာဖို့
မေ့မှာဆုံးမ၊ နေ့နှင့်ည....။
ပညာသင်စဉ်
အမေ့သားလေး၊ စိတ်ငြိမ်းအေးဖို့
ငွေကြေးစုဆောင်း၊ သားလေးတောင်းသော်
ပေးကောင်းနိုင်ရန်၊ ဒုက္ခခံပြီး
ရှာကြံစုထား၊ အပြုံးများနှင့်
သားထံမပြတ်၊ ပို့ပေးအပ်၏....။
အမေ့အပြုံး၊ ပန်းသီကုံးချင့်
နှလုံးပျော်မွေ.၊ လရောင်ငွေ.သို့
မြင်တွေ့နေ့မှာ၊ စိတ်ချမ်းသာပြီး
စန္ဒာလသို့၊ မေ့ပြုံးချိုသည်
သားရဲ့ရင်တွင်း၊ လတစ်စင်းပါ
အမေ့မျက်နှာ.....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့