Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 April 2013

ချစ်သူမဟုတ်ခဲ့သောချစ်သူ့စကား


ချစ်သူကပြောတယ်...
   မင်းအနာဂတ်တွေကိုငါဖန်းဆင်းပေးနိုင်တယ်
   မြင့်မားတဲံ့ရည်မှန်းချက်ကို..လွတ်ချလိုက်ပါတဲံ့
  ကျေးဇူးပါချစ်သူ..ငါက ငါ့အနာဂတ်တွေကို
  ကိုယ်တိုင်ထုဆစ်ခွင့်ရချင်သူမို့ပါ....
  ချစ်သူကပြောတယ်......
  အဲ့ဒီ ရည်ရွယ်ချက်အောင်မြင်ဖို့ နင်အရမ်းပင်ပန်းလိမ့်မယ်တဲံ့
  ဟုတ်တာပေါ့ချစ်သူ...နတ်စီတဲ့အိပ်မက်တွေကလွယ်လွယ်နဲ့တော့
  ဘယ်ရနိုင်မလဲ...ရောက်အောင်သွားဖို့ငါဆုံးဖြတ်ထားတယ်..
  ချစ်သူကပြောတယ်......
  ငါတောင်မတွေးမိဘူးတဲ့..ဖြစ်နိုင်ပါတယ်ချစ်သူ
  နင်ကအရာရာပြည့်စုံတဲ့ ဘ၀ပိုင်ရှင်မို့ပါ...
  ချစ်သူကပြောတယ်..ဘ၀ဆိုတာထင်သလောက်မလွယ်ကူနိုင်ဘူးတဲ့
  စိတ်မပူပါနဲ့ ချစ်သူ...ဘ၀ဆိုတာတိုက်ပွဲဆိုရင်
  နိုင်အောင်တိုက်နိုင်ဖို့ အတတ်ပညာတွေကို လက်နက်အဖြစ်ငါစုဆောင်းနေပါတယ်
  ချစ်သူကပြောတယ်..
  သိပ်အမြင့်မပျံသန်းပါနဲ့..နင်ပင်ပန်းမှာစိုးလို့ပါတဲ့
  နားလည်ပါတယ်ချစ်သူ..ဒါပေမဲ့  ငါ့မိဘ၊ ငါ့အနာဂတ်၊ ငါ့ရည်မှန်းချက်တွေပြည့်စုံဖို့
  ထိုက်သင့်သလောက်တော့ငါမဖြစ်မနေပျံသန်းရမှာမို့ နားလည်ပေးပါ..
  တစ်နေ့နေ့ဆိုတာရှိခဲ့ရင် ပြန်လာခဲ့ပါတဲံ့
  စိတ်ချပါချစ်သူ...ငါ့အိပ်မက်တွေပြည့်စုံတဲ့ တစ်နေ့
  နင်တစ်ခြားတစ်ယောက်ရင်ခွင်မှာ ပျော်နေရင်တောင်
  ငါ့ကတိမပျက် သစ္စာတရားကို ရင်မှာပိုက်ပြီး ပြန်လာခဲ့ပါ့မယ်
  ယုံကြည်ပြီးစောင့်နေပါ...ချစ်တဲ့သူ။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့