Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 April 2013

လွမ်းစရာကောင်းတဲ့ရာသီ...


ဆိုးလိုက်တဲ့ရာသီ
လေးရူးတသုန်သုန်နဲ့
အသည်းထိအောင် တိုက်ခတ်
အေးမြမူမရှိတဲ့ လေပူကြီးပါလားနော်
ဆိုးလိုက်တဲ့ရာသီ
သစ်ရွက်တွေကြွေ
အလွမ်းတွေက ဝေ
ပတ်ဝန်းကျင်က အထီးကျန်
ဘယ်နေရာကြည့်ကြည့်
ချစ်သူ
မင်းကို လွမ်းစရာတွေချည်းပါပဲလား
ဆိုးလိုက်တဲ့ရာသီ
မင်းကိုသတိရတဲ့စိတ်
မြိုသိပ်ပြီး စာကျက်
စာမေးပွဲကြီးပြီးခဲ့ရင်လည်း
မင်းကို
ပက်ပက်စက်စက်
လွမ်းရအုံးမှာပါပဲနော်
ဆိုးလိုက်တဲ့ရာသီ..........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့