Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 April 2013

ဧရာဝတီ ယူနိုက်တက် အသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ


ဧရာဝတီ အသင်းဟာ မနေ့ ညနေ ၅ နာရီက AFC Challange Cup ပြိုင်ပွဲတစ်ပွဲ အဖြစ် ဗီယက်နမ် ကလပ် အသင်း တစ်သင်းဖြစ်တဲ့ ဒါနန်း အသင်းနဲ့
ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုး ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ တာကြောင့် အုပ်စုအဆင့် ကနေ ထွက်ခွာ ခဲ့ရပြီလို့ သိရှိရပါတယ်။

ဧရာဝတီ အသင်းဟာ လက်ရှိချိန်မှာ ရမှတ် ၃ သာ ရရှိထားတာ ဖြစ်ပြီး အုပ်စု အမှတ်ပေး ဇယား အောက်ဆုံးမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ရဲ့အစပိုင်းမှာ ဧရာဝတီ အသင်းဟာ  ဒါနန်း အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၂ မိနစ် အရောက် မှာတော့ ဧရာဝတီ အသင်း အတွက် အဖွင့်ဂိုးကို နန္ဒလင်းကျော်ချစ်က သွင်းယူပေးနိုင် ခဲ့တာကြောင့် ပွဲဟာ ပိုမို အကြိတ်အနယ် ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ ဒါနန် အသင်းဟာ ဧရာဝတီ အသင်းကို ပိုမို ဖိအားပေး ကစား နိုင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီး သုံးမိနစ် အလိုမှာ ခြေပဂိုးနဲ့ ဦးဆောင်ဂိုးကို ဆက်တိုက် ဆိုသလို ဒါနန် အသင်းက သွင်းယူ နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယပိုင်း ကစားချိန် မှာတော့ ဧရာဝတီ အသင်း တွက်ခြေပဂိုးကို ဆာတိုရှီက သွင်းယူပေး နိုင်ခဲ့တာကြောင့် ပွဲစဉ်ဟာ အကြိတ်အနယ် ရှိလာခဲ့ပြီး ပိုမိုကြမ်းတမ်း လာခဲ့ပါတယ်။ ပွဲကစားချိန် ၈၇ မိနစ် အရောက် မှာတော့ ဧရာဝတီ အသင်းရဲ့ ကွင်းလယ် သစားသမား ဖြိုးကိုကိုသိန်း ကစားပုံ ကြမ်းတမ်းခဲ့ တာကြောင့် တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ် ခံခဲ့ရပြီး ဒါနန်း အသင်းရဲ့ ဖိအားပေး ကစားမှုကို ခံခဲ့ရပါတယ်။ ဆက်လက်ပြီး အချိန်ပို လေးမိနစ် အရောက်မှာတော့ ဒါနန် အသင်းဟာ ပယ်နယ်တီ ရရှိခဲ့ပြီး အဆိုပါဂိုးကို အသင်းခေါင်းဆောင် ဖူရောင်က အမှားအယွင်း မရှိဘဲ သွင်းယူ နိုင်ခဲ့တာကြောင့် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အလားအလာ ကောင်းတွေ ပိုင်ဆိုင် သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ယခုပွဲမှာ ရှုံးနိမ့် သွားခဲ့တဲ့ ဧရာဝတီအသင်း ကတော့ တစ်ပွဲကျန်ရှိ နေသေးပေမယ့်လည်း နောက်တစ်ဆင့်ကို တက်ရောက် နိုင်ဖို့ အခြေအနေ မရှိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဒါနန်း အသင်းရဲ့ နည်းပြဖြစ်သူက ဧရာဝတီ အသင်းရဲ့ ကစားပုံဟာ ကောင်းမွန် ခဲ့ပေမယ့် ကစားသမား တွေက စိတ်လှုပ်ရှားမှုကို မထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ ကစားသမား နှစ်ယောက် အထုတ်ခံ ခဲ့ရတာကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း ကိုလည်း ပြောဆိုခဲ့ပါတယ်။ ဆက်လက် ပြီးတော့ ဧရာဝတီ အသင်းရဲ့ နည်းပြ မာဂျန်က မိမိတို့ အသင်းဟာ ပထမပိုင်းမှာ ကစားကွက် ကောင်းမွန်ခဲ့ကြောင်း၊ နောက်ပိုင်း မိနစ်တွေမှာ ကစားသမား တစ်ဦးချင်းစီရဲ့ အမှားကြောင့် ဂိုးတွေ ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရတာ ဖြစ်ကြောင်းကို ပြောဆိုခဲ့ တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့