Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 April 2013

Bar Camp Pyay 2013 ကို ဒုတိယ အကြိမ်မြောက် ပြုလုပ်သွားမည်


Bar Camp Pyay 2013 ကို ဒုတိယ အကြိမ်မြောက် အဖြစ် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ MICT Park မှာ ပြုလုပ်တဲ့
အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ BarCamp Pyay 2013 ကိုတော့ Bar Camp ပွဲတိုင်းမှာ ထုံးတမ်း အစဉ်အလာ အရ ပွဲမှာ ဆွေးနွေး ပြောကြား သွားမယ့် Topic ခေါင်းစဉ် တွေကို ကြိုတင် ပြောလေ့ မရှိပေမယ့်လည်း ဒီနှစ် Bar Camp Pyay 2013 ပြောကြားလိုတဲ့ Speaker တွေ အနေနဲ့ မိမိတို့ ပြောလိုတဲ့ Topic တွေကို ကိုယ်ပိုင် Blog တွေ၊ Social Network တွေမှာ ကြိုတင် ကြေညာ နိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ Bar Camp 2013 မှာတော့ နယ်ပယ် ကဏ္ဍ အသီးသီးမှ နည်းပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များမှ ဗဟုသုတတွေ ဝေမျှပေး သွားမယ့် ပြည်တွင်းမှ ပညာရှင်တွေ ကိုပါ ဖိတ်ခေါ် ထားတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ Bar Camp 2013 ကို တက်ရောက် လိုတဲ့ သူတွေ အနေနဲ့ Online Registration ကို Bar Camp Pyay ရဲ့ Offical Website ဖြစ်တဲ့ www.barcamppyay.org မှာ ၂၀၁၃ ခုနှစ် မေလ တတိယပတ်မှ စတင်ပြီး စာရင်း ပေးသွင်း နိုင်မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အခုလို ပြုလုပ် ကျင်းပ သွားမယ့် Barcamp Pyay 2013 ကိုတော့ ဒုတိယ အကြိမ်မြောက် အဖြစ် ဇွန်လ ၁၅ ရက်နေ့ မနက် ၉ နာရီက စတင်ကာ အထက ၁ ပြည်မှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့