မြန်မာနိုင်ငံရဲ့ မွေးမြူရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အာရှဒေသတွင်း နိုင်ငံ လေးနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန်
နိုင်ငံတို့မှ ပညာရှင်တွေက Farmer to Farmer Project လယ်သမားမှ လယ်သမားသို့ နည်းပညာ ကူညီပေးခြင်း လုပ်ငန်းစဉ်ကို မကြာမီ ကာလ အတွင်းမှ ဆောင်ရွက် ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အသားကဏ္ဍ၊ ငါးကဏ္ဍမှ ပညာရှင်တွေ လာရောက်ပြီး နည်းပညာများ ပို့ချပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အအေးခန်း စက်ရုံတွေမှာ မြန်မာနိုင်ငံရဲ့ အသားလွှာ တွေကို တင်သွင်းနိုင်ဖို့ ဆောင်ရွက် ပေးမှာ ဖြစ်သလို တီလားဘီးယား ငါးတွေကို အမေရိကန်နဲ့ အခြားနိုင်ငံ တွေကိုလည်း တင်ပို့နိုင်ဖို့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ မွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပုံမှန်အတိုင်း ပြည်ပနိုင်ငံ တွေကို တင်ပို့မှုရှိ ခဲ့ပေမယ့် အသေးစား မွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့တော့ ပြည်တွင်း ဈေးကွက်မှာ ရောင်းချ နိုင်ရုံသာ ဆောင်ရွက် နိုင်ခဲ့တဲ့ အတွက် အခြား ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

No comments:
Post a Comment