Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 April 2013

ဂျပန်ယူ-၁၅ အသင်း နိုင်ပွဲ ထပ်မံရရှိခဲ့


မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ လူငယ် အသင်းများနဲ့ ခြေစမ်း ကစားဖို့ ရောက်ရှိ လာတဲ့ ဂျပန်ယူ-၁၅ အသင်းဟာ မြန်မာယူ-၁၈(က) အသင်းကို
၂-၁ ဂိုးနဲ့ အနိုင် ကစားပြီး နိုင်ပွဲ ထပ်မံရရှိ သွားကြောင်း သိရပါတယ်။ အဆိုပါ မြန်မာယူ-၁၈(က) အသင်းနဲ့ ဂျပန်ယူ ၁၅ အသင်း တို့ဟာ မနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်အောင် နဲ့တကွ  မန္တလေး ဘောလုံး အကယ်ဒမီမှ တာဝန်ရှိသူ ဦးအောင်ထွန်းတို့ တက်ရောက်ခဲ့ကြပြီး ဂျပန်လူမျိုး အားကစား ၀ါသနာရှင် များလည်း တက်ရောက် အားပေးခဲ့ ကြပါတယ်။

ယခုယှဉ်ပြိုင် ကစားခဲ့တဲ့ အသင်းနှစ်သင်း စလုံးဟာ လာမယ့် အာဆီယံ လူငယ်ပြိုင်ပွဲများနဲ့ အာရှ ခြေစစ်ပွဲများကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ အတွက် အထူး လေ့ကျင့် ပေးထားတဲ့ အသင်းများ ဖြစ်တာကြောင့် ပွဲစဉ်ဟာ အကျိတ်အနယ် ရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ပွဲပန်းမှုနဲ့ ကြုံတွေ့နေရတဲ့ ဂျပန်အသင်းကို မြန်မာအသင်းက ဖိအားပေး ကစားနိုင်ခဲ့ပြီး မြန်မာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၃၂ မိနစ်မှာ ရှိုင်းသူရက သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ မြန်မာ အသင်းဟာ ဂျပန်အသင်း ဘက်ကို ပိုမိုဖိအား ပေးကစား နိုင်ခဲ့ပြီး ဂိုးသွင်း ခွင့်အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့တာကြောင့် ပထမပိုင်းပြီး ခါနီးပွဲ ကစားချိန် ၄၃ မိနစ်မှာ ဂျပန် အသင်းဘက်မှ ၀ါတာနာဘီက အသင်း အတွက် ခြေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ကာ ပထမပိုင်း ပြီးဆုံး သွားခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယပိုင်း ယှဉ်ပြိုင် ကစားခဲ့ ရာမှာတော့ ဂျပန် အသင်းဘက်က ပိုမိုဖိအားပေး ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ထပ်မံသွင်း ယူနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန် မှာတော့ ဂျပန်ယူ-၁၅ အသင်းဟာ မြန်မာယူ-၁၈ (က)အသင်းကို ၂-၁ ဂိုး ရလဒ်နဲ့ အနိုင်ကစား သွားနိုင်ခဲ့ ပါတယ်။ ဂျပန်ယူ-၁၅ အသင်းဟာ ယခု မြန်မာယူ-၁၈ (က)အသင်းနဲ့ ခြေစမ်းပွဲ မကစားမီ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာယူ-၁၈ (ခ)အသင်း၊ မြန်မာယူ-၁၅ အသင်းတို့နဲ့ ခြေစမ်း ကစားခဲ့ပြီး နိုင်ပွဲများ ဆက်တိုက် ရရှိခဲ့တာကြောင်း ယခု ယှဉ်ပြိုင် ကစားခဲ့တဲ့ မြန်မာယူ-၁၈ (က) အသင်းကိုလည်း အကောင်းဆုံး ပုံစံနဲ့ ယှဉ်ပြိုင် ကစားခဲ့ကာ အနိုင်ရရှိ သွားတာ ဖြစ်ကြောင်းကို သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့