ဧပြီလ ၂၄ ရက်နေ့မှာ ထွက်ရှိမယ့် ၁၅၀၀ တန်ဖိုး ဆင်းကဒ်များ အတွက် ငွေဖြည့် ကတ်များကို ရန်ကုန်မြို့ရှိ ဖုန်းဆိုင် အများစုမှာ ရောင်းချပေး သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးများ ၁၅၀၀ တန် ဖုန်းဆင်းကဒ်များ အတွက် သတ်မှတ် ထားရန် ငွေဖြည့်ကဒ် ရောင်းချတဲ့ ကိုယ်စားလှယ် အရောင်းဆိုင် များမှာ ကမာရွတ် မြို့နယ် TMIC-ZK ၊ စမ်းချောင်းမြို့နယ် MTS ၊ လသာမြို့နယ် Best One ၊ လသာမြို့နယ် မိုဘိုင်းလ်၊ မင်္ဂလာတောင်ညွန့် မြို့နယ် MTC ၊ မရမ်းကုန်း မြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သင်္ဃန်းကျွန်း လူကြီးမင်း၊ တာမွေ မြို့နယ် Mobile King ၊ ကြည့်မြင်တိုင်မြို့Mobile Bank ၊ အင်းစိန်မြို့နယ် ISN Net ၊ ဒေါပုံမြို့နယ် Missed Call နဲ့ လှိုင်သာယာ မြို့နယ် ကိုညီ+မဆွေ ဆိုင်များနဲ့ ၎င်းတို့ရဲ့ အရောင်းဆိုင်ခွဲ များမှာပါ ရောင်းချမှာ ဖြစ်တာကြောင့် ဖုန်းဆိုင် အများစုမှာ MEC Tel အမှတ်တံဆိပ်ပါ ငွေဖြည့်ကဒ် များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၂၄ ရက်နေ့မှာ ထွက်ရှိမယ့် ၁၅၀၀ တန်ဖိုးနည်း ဆင်းကဒ်များကို အချို့မြို့နယ် များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှ လာရောက် လျှောက်ထားတဲ့ သူများကို ရောင်းချဖို့ မဲနှိုက် ဆုံးဖြတ် ထားပြီး အချို့မြို့နယ်များမှာ ရောင်းချမယ့် နေ့မှသာ မဲနှိုက်ကာ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment