Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 April 2013

တိရစ္ဆာန်များတွင် အစားအသောက် ပျက်မှုများ ဖြစ်ပေါ်နိုင်


ယခု ပူပြင်းတဲ့ နွေရာသီ ကာလမှာ မွေးမြူရေး တိရစ္ဆာန်များမှာ အစားအသောက် ပျက်ပြီး ကိုယ်ခံ စွမ်းအား ကျဆင်းမှုများ ဖြစ်ပေါ်မှုများ ဖြစ်တတ် တယ်လို့
မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပူပြင်းတဲ့ နွေရာသီ ကာလမှာ မွေးမြူရေး တိရစ္ဆာန်များမှာ ၀မ်းရောဂါ၊ အပူရှပ်တဲ့ ရောဂါနဲ့ ကြက်များမှာ ကြက်လည်လိမ် ရောဂါများ ဖြစ်ပွား တတ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဖြစ်ပွားမှု မရှိအောင် မွေးမြူရေး တိရစ္ဆာန်များကို အစာနည်းနည်းနဲ့ အာဟာရ ပြည့်ဝတဲ့ အစားအသောက် များကို ကျွေးမွေး သင့်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင်က ရာသီဥတု ပူပြင်းတဲ့ ရာသီဥတု ပတ်ဝန်းကျင်နဲ့ လိုက်လျောညီ ထွေတဲ့ နေရာများ အမိုးအကာ ရှိတဲ့ နေရာတွေမှာ မွေးမြူရေး တိရစ္ဆာန်များကို ထားသင့် တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်နီးချင်း နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ရောဂါများ ဖြစ်ပွားနေ တာကြောင့် ပြည်တွင်းကို မကူးစက် လာအောင် ကြက်များကို ကာကွယ် ဆေးများ ထိုးနှံထား သင့်တယ်လို့ သတင်း ရရှိပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့