ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်မှာ စီမံချက်တရပ်ချမှတ်ပြီး လူဦးရေစာရင်း စတင်ကောက်ယူတဲ့နေ့မှာပဲ ရုန်းရင်းဆန်ခတ်ဖြစ်လို့ စီမံချက်ရပ်ထားရပြီးနောက် ဖမ်းဆီးထားတဲ့ မွတ်စလင် ၉ ဦးကို မေ ၂၆ ရက်နေ့ ရုံးတင်တော့မယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်ထောင်စုအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနက ဦးစီးပြီး ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ဆွဲတင်စစ် စီမံကိန်းဖြစ်တဲ့ လူဦးရေစာရင်းကို ကောက်ယူတဲ့ ဧပြီ ၂၆ နေ့မှာပဲ ပြဿနာဖြစ်ခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။ ဆွဲ ဆိုတာက မြေပြင်အခြေအနေကို မြေပုံဆွဲ၊ တင် ဆိုတာက မှတ်တမ်းတင်၊ စစ် ဆိုတာကတော့ စစ်ဆေး ဆိုတဲ့အပိုင်းဖြစ်တယ်။
ဧပြီ ၂၆ ရက်မှာ စစ်တွေမြို့ သက်ကယ်ပြင်နဲ့ ဗောလုဝ ဒုက္ခသည်စခန်းတွေကို ၀င်ရောက်ပြီး လူဦးရေစာရင်းကောက်ယူရာမှာ ရိုဟင်ဂျာအဖြစ်သာ ဖြည့်သွင်းပေးဖို့ ဒုက္ခသည်တွေက တုံ့ပြန်တာကြောင့် တဖက်နဲ့တဖက် အဓိကရုန်းဆန်ဆန်ဖြစ်ခဲ့ပြီး အော်ဟစ် ခဲနဲ့ပစ်ပေါက်ခံခဲ့ရတဲ့အတွက် သေနတ်ဖောက် လူစုခွဲခဲ့ကြပါတယ်။
အဲဒီနောက် သက်ကယ်ပြင်စခန်းက ၇ ဦးနဲ့ ဗောလုဝစခန်းက ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတာပါ။ ဖမ်းဆီးထားသူ ၉ ဦးကို မေ ၂၆ ရက်နေ့မှာ တရားရုံးတင်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးအရာရှိလည်းဖြစ် ပြည်နယ်ဥပဒေချုပ်လည်းဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။
“မေလ ၂၆ ရက်နေ့မှာ ရုံးတင်တရားစွဲသွားမှာဖြစ်ပါတယ်။ အရေးယူထားတဲ့ ပုဒ်မကတော့ လူစုလူဝေးနဲ့အကြမ်းဖက်တယ်ဆိုတဲ့ပုဒ်မ ၁၄၈၊ နောက် ပြည်သူ့ဝန်ထမ်းအလုပ်ကို ဥပဒေနဲ့လုပ်တာကို နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၃၃ ပါပါတယ်။ အဲမှာကြားကြမှာပါ။ တပ်မတော်သားတယောက် ခေါင်းထိခိုက်နာကျင်ပြီး ဆေးရုံတက်ရောက် ကုသရတယ်။ နောက် ဖြစ်စဉ်ဖြစ်တုန်းကလည်း ၂၆၊ ၂၇ အင်တာနက်တွေမှာ သတင်းတွေ တက်ပြီးဖြစ်တယ်။ အဲမှာတချို့ဝန်ထမ်းတွေက သက်ဆိုင်ရာကို ဖုန်းနဲ့အကြောင်းကြားတဲ့ပုံတွေမှာ ဖုန်းလုယူတာတွေ ရှိတဲ့အတွက် လုယက်မှု ၃၈၂ လည်းပါတယ်။ ဒါ့အပြင် ပြည်သူ့ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး တာဝန်မထမ်းဆောင်ရဲတော့အောင်၊ လတ်တလောအန္တရာယ်ကျအောင် မင်းတို့ကိုလုပ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ ပြည်သူ့ဝန်ထမ်းတွေ ကြောက်ရွံ့သွားလို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၆၊ ဒါတွေနဲ့ အရေးယူထားတယ်။”
ဖမ်းဆီးခံရသူတွေကတော့ သက်ကယ်ပြင်ကျေးရွာက ရပ်မိရပ်ဖ ဦးကျော်မြင့်နဲ့ သား ကိုလှမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ အရန်မီးသတ်ဗိုလ် ဦးစံနှင်း၊ ရပ်မိရပ်ဖ ဦးဘသာ၊ ပြဿနာစဖြစ်တဲ့အိမ်က ဒေါ်ဆိုလီမာခါတွန်နဲ့ သား ကိုစောလင်း၊ ဗောလုဝစခန်းက ကိုဇော်မင်းနဲ့ ကိုအာမီရားမန်းတို့ ဖြစ်ပါတယ်။
သက်ကယ်ပြင်နဲ့ ဗောလုဝဒုက္ခသည်စခန်းတွေကို မေးမြန်းရာမှာ ဖမ်းဆီးခံရသူတွေအတွက် သတင်းအချက်အလက် မရကြောင်းနဲ့ ရန်ကုန်က ဆွေမျိုးတွေကတာ့ ရှေ့နေလိုက်ပါနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖြေဆိုပါတယ်။
“သက်ကယ်ပြင်ကလူတွေ ဘယ်သူမှသွားတွေ့ခွင့်မရှိဘူး။ ထမင်းပို့လို့မရဘူး။ သူတို့ဘယ်လို ထားတယ်၊ နေထိုင်နေတယ်ဆိုတာလည်း သတင်းအစအန မရှိဘူး။ ရန်ကုန်က ရှေ့နေငှားပေးမယ်တော့ ပြောတယ်၊ ရောက် မရောက် မသိရသေးပါဘူး။”
ဦးလှသိန်းကတော့ ဒီစီမံချက်ဟာ ရခိုင်ပြည်နယ်တ၀န်းမှာ လူဦးရေ စာရင်းကောက်ယူဖို့ အဖွဲ့ ၆၃ ဖွဲ့နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူတာ မဟုတ်တဲ့အကြောင်းနဲ့ ရခိုင်အစီရင်ခံစာပါအချက်တွေကို အကောင်အထည်ဖော်တာဖြစ်ကြောင်း ရှင်းပြပါတယ်။
“စီမံချက်ရဲ့ ရည်ရွယ်ချက်ကတော့ ဒီဒေသမှာ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ တရားဝင်၊ တရားမ၀င် ဘယ်လောက်ရှိသလဲ။ နောက် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း။ ဒါဟာ ကျနော်တို့ ပြန်လည်နေရာချထားရာမှာ အထောက်အကူပြုအောင် ကောက်တဲ့စာရင်းပါ။ ဒါ သန်းခေါင်စာရင်း ကောက်တာ မဟုတ်ဘူး။ ရှေ့ပြေးသန်းခေါင်စာရင်းလည်း မဟုတ်ဘူး။ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာထုတ်ရာမှာ လူထုကို ပြန်လည်နေရာချထားဖို့ လိုတယ်။ အသက်မွေးဝမ်းကြောင်း လုပ်မယ့် လူတွေကို ထူထောင်ပေးရမယ်ဆိုတော့ ကျနော်တို့က ကြည့်ရတော့မယ်။ သူက တံငါလား တံငါဆို လှေပေးမယ်။ ပိုက်ပေးသင့်သူပေးမယ်၊ ကွန်ပေးသင့်သူပေးမယ်။ လယ်လုပ်မယ့်သူဆိုရင်လည်း ၅ ဧကရှိလား၊ ၅ ဧက ရှိသူဆို လက်တွန်းလယ်ထွန်စက်လိုသလား၊ နွားလိုသလား။ မျိုးစပါးလိုသလား၊ ဒါတွေ ရည်ရွယ်ကောက်တာပါ။ မကောက်ခင်လည်း ဒီလိုကောက်မယ်ဆိုတာကို ရှင်းလင်းပြောပြတယ်။ နောက် ဘယ်လိုဖြစ်ပြီး နားလည်မှုတွေလွဲသလဲမသိဘူး၊ သွားကောက်တဲ့နေ့မှာပဲ အဆင်မပြေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ စီမံချက်ကို ရပ်ထားပါတယ်။”
ဆွဲတင်စစ်စီမံချက်ကိုတော့ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။
အစိုးရက ဧပြီ ၂၄ ရက်နေ့က ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အစည်းအဝေးကနေ ဆွဲတင်စစ်လို့ အမည်ပေးထားတဲ့ လူဦးရေ စာရင်းကောက်ယူတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
by အေးနိုင် (ဒီဗွီဘီ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday 20 May 2013
ရခိုင်ပြည် လူဦးရေစာရင်း ကောက်ယူရာတွင် ရုန်းရင်းဆန်ခတ်မှု တရားစွဲမည်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment