Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

သင်တန်းကြေးစရိတ်များ စိစစ်ညှိနှိုင်းဆောင်ရွက်ပေးပါရန်

သို့
ဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန
ရုံးချုပ်
နေပြည်တော်
ရက်စွဲ၊ ၂ဝ၁၃ ခုနှစ် မေလ    ရက်

အကြောင်းအရာ။    ။ သင်တန်းကြေးစရိတ်များ စိစစ်ညှိနှိုင်းဆောင်ရွက်ပေးပါရန်

အထက် အကြောင်းအရာပါ ကိစ္စနှင့် စပ်လျဉ်း၍ ကယားပြည်နယ် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းတွင် သူနာပြုနှင့် သားဖွား ဒီပလိုမာ သင်တန်း တက်ရောက် ပညာ သင်ကြားနေကြသော သင်တန်း သား/သူများသည် သင်တန်းကြေးများ အလွန် များပြားနေခြင်း အတွက် အခက်အခဲနှင့်ကြုံတွေ့ နေရပါသည်။

အစိုးရမှ သင်တန်းသား/သူများအတွက် သင်တန်းကြေး ထောက်ပံ့ကြေးငွေမှာ လစဉ် ကျပ် ၃ဝဝ/-သာ ရရှိပြီး သင်တန်းသား/သူတစ်ဦး အမှန်တကယ် လစဉ် သင်တန်းကြေးကုန်ကျငွေမှာ ကျပ် ၅ဝဝဝ/-အထက်တွင် ကုန်ကျနေသည့်အတွက် အစိုးရထောက်ပံ့ငွေနှင့် နှိုင်းစာကြည့်ပါက ၁ဝ ဆအထက်တွင် ရှိနေ ၍ အစိုးရမှ ထောက်ပံ့ပေးနေသောသင်တန်းကျောင်းဟု ပြောဆိုရမည်ပင် ခဲယဉ်းနေပါသည်။ သင်တန်း ကြေးများပြားခြင်းတွင် သင်တန်းအုပ်ချုပ်သူဆရာမကြီးနှင့်နည်းပြဆရာမများကို သင်တန်းဆင်းသောအခါ ရွှေxnfyစ္စည်းများ ကန်တော့ရန် လစဉ် ဘဏ်ကြေးငွေများ ထည့်သွင်းရခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၏ တန်ဖိုးမှာ ကျပ် ၁ဝဝဝ/-အထက်တွင် ရှိခြင်း၊ လစဉ်အထွေထွေကြေးများ ပေးသွင်းရခြင်း၊ စာမေးပွဲကြေး များ ထည့်သွင်းရခြင်း စသည်ဖြင့် ကုန်ကျစရိတ်များ အလွန်များပြားနေပါသည်။

သို့ဖြစ်ပါ၍အစိုးရမှ အထောက်အပံ့ပေးနေသောသူနာပြုနှင့်သားဖွားသင်တန်းကျောင်းအမည်နှင့်အညီ သင်တန်းသား/သူများ သက်သာချောင်လည်စွာ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် စိစစ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ကျောင်းသားမိဘတစ်ဦး

ဦးလောရယ်
၂/လကန(နိုင်) ၁ဝဝ၃၈၇
 ရှမ်းစုရပ်၊ လွိုင်ကော်မြို့

မိတ္တူကို
- ညွှန်ကြားရေးမှူးချုပ်၊ ဆေးသိပ္ပံပညာဦးစီးဌာန(ရုံးချုပ်)နေပြည်တော်
- ညွှန်ကြားရေးမှူး၊ စီမံရေးရာဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာန(ရုံးချုပ်)နေပြည်တော်
- ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ လွိုင်ကော်မြို့
- ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ကယားပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ လွိုင်ကော်မြို့
- ဆေးရုံအုပ်ကြီး၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့
- ကျောင်းအုပ်ကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ လွိုင်ကော်မြို့
- လက်ခံ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့