ထိုင်းအစိုးရက မြန်နိုင်ငံ တနင်္သာရီတိုင်းရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများတွင် စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ယင်းဆုံးဖြတ်ချက်ကို အင်္ဂါနေ့ကကျင်းပသည့် ထိုင်း ကက်ဘိနက် အစည်းအဝေးတွင်အတည်ပြု၍ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ် သည်ဟု ထိုင်း သတင်းအေဂျင်စီ (TNA)တွင် ဖော်ပြထားသည်။
ထို အတည်ပြုချက်တွင် ထိုင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးရန် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency-NEDA) အနေနှင့် ထားဝယ် အထူးစီးပွားရေး ဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီ ထောင်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် ထိုင်းအစိုးရ ဘဏ္ဍာရေး ၀န်ကြီး ဌာန ၏ ဆုံးဖြတ်ချက်လည်း ပါဝင် ကြောင်း သိရသည်။
NEDA သည် ထိုင်း စီးပွားရေးဖွံ့ဖြိုးရန် နှင့် အိမ်နီးချင်းနိုင်ငံများကို စီးပွားရေးနှင့်ပတ်သက်ပြီး အကူအညီများ ပေးနိုင်ရန် အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ဘဏ္ဍာရေးမူဝါဒ ဆိုင်ရာရုံး လက်အောက်တွင် ဖွဲ့စည်းထားသည့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်း ဖြစ် သည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Chalitrat Chantarubeksa ကလည်း ဘဏ္ဍာရေး ၀န်ကြီးဌာန အနေနှင့် ထားဝယ် ဆိပ်ကမ်း၌ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး အတည်ပြု ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတွင်းက စက်သုံးဆီ ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် အခွန်အခ များကိုလည်း လာမည့် ဇွန်လကုန်အထိ လျှော့ပေါ့ပေး သွားမည် ဖြစ်ကြောင်း၊ ထိုနည်းဖြင့် လူနေမှုစရိတ်ကြီးမြင့်မှုကိုလည်း လျော့ကျစေရန် ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားထား သည်။
ထိုင်း ကက်ဘိနက်ကလည်း ထိုင်းပို့ကုန် လုပ်ငန်းရှင်များ၏ အခွန်အခများ နှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီး ဌာနသို့ တင်ပြ ထားကြောင်း သိရသည်။
၂၀၀၈ ခုနှစ် မေလတွင် ပြုလုပ်သော နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာအရ ပထမဆုံး သဘောတူခဲ့သည့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို အဓိကလုပ်ကိုင်ခွင့်ရသူမှာ ဘန်ကောက် အခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development – ITD) ဖြစ်သည်။ အီတာလျံ-ထိုင်းက အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ တန် စီမံကိန်းကြီးများ လုပ်ဆောင်သွားရန်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် PTT ကဲ့သို့သော ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ကြီးများ အပါအ၀င် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများမှပါ လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့်(၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်း ရှိကြောင်း ITD ကုမ္ပဏီ ၏ မှတ်တမ်းများ၌ ပါရှိသည်။
မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ထုတ်ပြန်ထားချက်များအရ ထားဝယ် ရေနက်ဆိပ်ကမ်း ပြီးစီးပါက ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင် အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
စီမံကိန်းအတွက် ရေဖြူမြို့နယ်ရှိ ရွာ ၉ ရွာ၊ မင်းဒပ်ရွာ ရေနက်ကွင်း ဧရိယာ နဘုလယ် ဒေသရှိ ရွာ ၅ ရွာတို့အား ပြောင်းရွှေ့နေရာ ချရန် ရွာသစ်များ ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသော်လည်း အစိုးရပိုင်းက ၎င်းနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်ကမူ“ရွာသားတွေနဲ့ပတ်သက်ပြီးရော သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးရော ကျနော်တို့ အနေနဲ့ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးလုပ်မှာပါ၊ သိမ်း ယူမယ့် ဥယျာဉ်ခြံမြေတွေကို လျော်ကြေးငွေ ဘယ်လိုပေးမလဲ ဆိုတာကိုလည်း တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ဆွေးနွေးမှာပါ”ဟု ၂၀၁၂ နှစ်ကုန်ပိုင်းက IBC(International Business Centre) တွင် ကျင်းပသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။
အဆိုပါစီမံကိန်းအတွက် ခန့်မှန်းတွက်ချက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၇ ဘီလီယံအထိ ကုန်ကျမည်ဟု ထိုင်း မီဒီယာများတွင် ဖော်ပြထားသည်။
မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ် တို့ ယင်း စီမံကိန်းအတွက် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးအကောင်အထည် ဖော်ရန် သဘောတူညီထားကြောင်း သိရသည်။
“ကိုယ့်နိုင်ငံမှာတိုးတက်ဖို့ စီမံကိန်းတွေဆောက်တာကို မျက်စိစုံမှိတ် မလုပ်ရဘူးလို့ ပြောနေမယ်ဆိုလည်း နိုင်ငံနစ်နာမယ်။ လုပ်ပြီ ဆိုရင်လည်း ပြောင်းရွှေ့ရမယ့် ရွာတွေနဲ့ ပျက်စီးမယ့် သဘာဝပတ်ဝန်းကျင်အတွက် ဘာတွေလုပ်မလဲဆိုတဲ့ ကုစားချက်က ရှိဖို့လိုတယ်။ အရင်က ဒါတွေမရှိခဲ့ဘူး။ ဒီစီမံကိန်းမှာ ဒါတွေထည့်စဉ်းစားမယ်လို့ အစိုးရကပြောတာ အမှန်ဖြစ်ပါစေလို့ပဲ ဆုတောင်း တယ်”ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံရှိ Map Ta Phut(မက်တာဖု) စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ထိုင်းနိုင်ငံမှ တာဝန်ယူတည်ဆောက်မည့် ထားဝယ် ရေနက်စီမံကိန်းတွင် အဆိုပါပြဿနာများ ကြုံတွေ့လာနိုင် ကြောင်း သဘာဝ ပတ်ဝန်းကျင်ပညာရှင်များက ထောက်ပြပြောကြားထားသည်။ သို့သော် အစိုးရပိုင်းက ယနေ့ အထိ ကျန်းမာရေး ဆိုင်ရာ ပြဿနာများ၊ လူမှုရေးဆိုင်ရာ ပြဿနာများကို မည်သို့ဖြေရှင်းပေးမည်ကို ပြောကြားနိုင်ခြင်း မရှိသေးချေ။
စီမံကိန်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစား စက်မှုဇုန် နှစ်ခု၊ အလတ်စား စက်မှုဇုန် နှစ်ခု၊ အသေးစား စက်မှုလုပ်ငန်းများနှင့် မြို့ပြအတွက် စက်မှုဇုံ နှစ်ခု ပေါင်း ၆ ခု ပါဝင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ – ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များ ပါဝင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်များအရ သိရပြီး စီမံကိန်းကို ၁၀ နှစ် စီမံကိန်းချ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 25 May 2013
ထားဝယ် စီမံကိန်း၌ ထိုင်း စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမည်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment