Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 16 May 2013

လောကဓံ တရားနှင့် ကြုံလာရင်...


လောကဓံ တရားနှင့် ကြုံလာရင်...
ဖုဌဿလောက ဓမ္မေဟိ
စိတ္တံ နဿ ယကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ
ဧတံမင်္ဂလ မုတ္တမံ
The mind that is not touched by the vicissitudes of life, the mind that is free from sorrow, stainless, and secure — this is the highest blessing.
လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံ နိုင်တာ စိုးရိမ်ပူဆွေး သောက မဖြစ်တာ ကို မင်္ဂလာ အဖြစ် ဗုဒ္ဓဘုရားရှင် ထုတ်ဖေါ် ဟောကြားထားခဲ့ပါတယ်။ လောကဓံတရား ရှစ်ပါးဆိုတာက လာဘ်ရခြင်း - လာဘ်ရခြင်း၊အခြွေအရံများခြင်း- အခြွေအရံနည်းခြင်း၊ ချီးမွမ်းခြင်း-ကဲ့ရဲ့ခြင်း၊ချမ်းသာခြင်း-ဒုက္ခဖြစ်ခြင်း တို့ဖြစ်ပါတယ်။
အများစုကတော့ အကောင်းလောကဓံ ကြုံတွေ့ရင် တပြုံးပြုံးနှင့် ရှိတတ်ပြီး အဆိုးလောကဓံ နှင့် ကြုံတွေ့ချိန်မှာ တငိုငိုတရယ်ရယ် ရှိတတ်ပါတယ်။ ဘယ်လိုလောကဓံမျိုးနှင့် ကြုံလာ ကြုံလာ မတုန်မလှုပ်သီးခံ နိုင်ဖို့ အတွက် မိမိစိတ်ကို ကိုလေ့ကျင့်ထားရပါတယ်။ စိတ်လေ့ကျင့်ခန်းလုပ်ရပါတယ်။
သမထ ကမ္မဌာန်း နှင့် ၀ိပဿနာ ကမ္မဌာန်း ဟု ကမ္မဌာန်း ၂ မျိုး ရှိပါတယ်။ ဗုဒ္ဓဘုရားရှင်က ပုဂ္ဂိုလ် စရိုက် အားလျော်စွာ သမထကမ္မဌာန်း အမျိုးအစား ၄၀ ဟောထားပေးပါတယ်။ အာနာပါန နုဿတိ ကမ္မဌာန်း က လူသိများထင်ရှားပါတယ်။
သမာဓိ ရင့်လာသည်နှင့်အမျှ စိတ်တည်ငြိမ်လာမယ်။ တည်ငြိမ်တဲ့စိတ်ဟာ အရှိကို အရှိအတိုင်း မြင်တယ်။ အရှိကို အရှိအတိုင်းမြင်နိုင်ရင် အရှိကိုအရှိအတိုင်း လက်ခံလာနိုင်မယ်။
ကာလာမသုတ်တော်မှာ ပညာရှိသူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ရှောင်ကြည်ပါ။ ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းတဲ့အလုပ်ကို လုပ်ပါ ဟု လမ်းညွန်ခဲ့ပါတယ်။
ဗုဒ္ဓအဆုံးအမတော်အရ ပညာရှိဆိုသည်မှာ ဘွဲ့ဒီဂရီ အတန်းပညာမဟုတ်။ အောက်ထစ်ဆုံး ကံ ကံ၏အကျိုးကိုယုံကြည်သော သမ္မာဒိဌိ ဥာဏ်ပညာမှ အစ ပြု ၍ ကိလေသာကိုအမြစ်သတ်ပါယ်သတ်နိုင်သော အရဟတ္တမင်္ဂညာဏ် ဖိုလ်ညာဏ် ရှိသူကို ကို ပညာရှိဟု ဆိုရသည်။
နတ္ထိလောကေ အနိန္ဒိတော
အကဲ့အရဲ့လွတ်သောသူမည်သည် လောကမှာမရှိ။ ဘုရားရင်ကိုယ်တောင်တိုင်မှ အကဲ့ရဲ့ မလွတ်၊ လောကဓံ မှမလွတ်နိုင်သေးလျှင် သာမာန် ပုဂ္ဂိုလ်များအတွက်မူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။
အားကစားသမား တစ်ယောက် ကိုယ်ခန္ဓာ ကြံ့ခိုင်အောင် ပုံမုန် လေ့ကျင့်ခန်း ယူရသလို လောကဓံ တရားနှင့် ကြုံတွေ့ချိန်မှာ မတုန်မလှုပ် သီးခံ နိုင်အောင်. ၀မ်းသာခြင်း ၀မ်းနည်းခြင်း ပြင်းစွာမဖြစ်အောင် စိတ်လေ့ကျင့်ခန်း လုပ်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့