အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ကို တရားဝင် အလည်အပတ် ခရီးအဖြစ် ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ ဘရက်အိုဘားမား အပါဝင် အမေရိကန်အစိုးရ အရာရှိတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ဥပဒေကြောင်းအရ ကျန်နေသေးတဲ့အတွက်ကြောင့် ဆိုင်းငံ့ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့၊ လုံးဝရုပ်သိမ်းဖို့အတွက် တိုက်တွန်းပြောဆိုမှာ ဖြစ်ကြောင်း ပြောဆိုလိုက် ပါတယ်။
စနေနေ့ညပိုင်း ၀ါရှင်တန်ဒီစီက မြန်မာသံရုံးမှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံချိန်အတွင်း အခုလာခဲ့တဲ့ခရီးစဉ်မှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာတွေနဲ့ပတ်သက်ပြီး သမ္မတက ရှင်းလင်းပြရင်း ပြောဆို သွားတာဖြစ်ပါတယ်။ အပြည့်အစုံကို မမိုးဖြူက တင်ပြထားပါတယ်။
မြန်မာမိသားစုတွေနဲ့ ၀ါရှင်တန်ဒီစီက မြန်မာသံရုံးမှာ တွေ့ဆုံချိန်အတွင်း တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ပြည်ပမှာရောက်နေ တဲ့ မြန်မာမိသားစုတွေ အနေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ သမ္မတက တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လိုအပ်ချက်တွေ အများကြီး ရှိနေကြောင်းနဲ့ နှစ်ပေါင်းများစွာ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ ပဋိပက္ခတွေ အများကြီး ကြုံခဲ့ရတဲ့အတွက်ကြောင့် အဘက်ဘက်က နိမ့်ကျနေတဲ့ အခြေအနေတွေရှိနေဆဲပဲ လို့လည်း သမ္မတ ဦးသိန်းစိန်က အလေးအနက် ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်တဲ့နေရာမှာ ပြည်သူ အများစုအတွက် ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ သမ္မတက အခုလိုပြောပါတယ်။
“ပြည်သူရွေးချယ်တဲ့အစိုးရ ဆိုတာဟာ ပြည်သူတွေ လိုအပ်တာကို လုပ်ပေးရမယ်။ အဲဒီတော့ ပြည်သူတွေ ဘာလိုသလဲ။ တူညီတဲ့ ဆန္ဒက နှစ်ခုပဲရှိတယ်။ တစ်ခုကဘာလဲဆိုတော့ တိုင်းပြည်မှာ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနဲ့ တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးစရကတည်းက နှစ်ပေါင်း ၆၀ ကျော်လောက် ဒီလက်နက်ကိုင် ပဋိပက္ခတွေနဲ့၊ ရန်ကုန်လိုမြို့မျိုးကတော့ သိပ်မသိသာဘူး။ နယ်စပ်ဒေသတွေမှာ ခါးစည်းခံခဲ့ကြရတယ်။ အဲဒီလို ပြည်တွင်းစစ်အတွင်းမှာ မိဘတွေသေကြ၊ အစ်ကိုတွေသေကြ၊ မောင်တွေသေကြ။ ခြေပြတ်လက်ပြတ်တွေဖြစ်။ အဲဒီလိုခါးသီးတဲ့ပြည်တွင်းစစ်ဒဏ်ကို မခံနိုင်ကြတော့ဘူး။ တိုင်းပြည် ကို အေးချမ်းတဲ့၊ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်စေချင်တာ ပြည်သူတွေ ရဲ့ဆန္ဒဖြစ်တယ်။ အဲဒီတော့ ဘယ်သူ့မေးမေး ခင်ဗျားတို့ ဆူဆူပူပူ ဖြစ်နေတာကြိုက်လားဆို ဘယ်သူမှ ကြိုက်တယ်လို့ဖြေမှာမဟုတ်ပါဘူး။”
အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ မြန်မာ အစိုးရ နှစ်ရပ်ကြားမှာ နားလည်မှုနဲ့၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အပြင် အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းစေဖို့ အတွက် ရည်ရွယ်ချက်တွေနဲ့ လာရောက်ခဲ့တယ်လို့လည်း ကြေညာခဲ့တာပါ။ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ယာယီပဲရုပ်သိမ်းပေးထားတာမို့၊ ဒီအရေးယူမှုတွေနဲ့ပတ်သက်ပြီး သံရုံးကတွေ့ဆုံပွဲမှာ သမ္မတက အခုလိုပြောကြားခဲ့ပါတယ်။
“ကျနော်တို့အတွက် မျှော်မှန်းချက်တွေလည်း မင်တို့ အများကြီးပေးထားတယ်။ တို့ လာပြီးတော့ စက်ရုံတွေ ဆောက်တော့မယ်။ လုပ်ငန်းတွေဆောက်တော့မယ် ဆိုတဲ့အချိန်မှာ ထွက်လာတဲ့ကုန်ပစ္စည်းတွေကို ရောင်းလို့ဝယ်လို့မရအောင် စီးပွားရေးအရ ပိတ်ဆို့ထားတော့ ဘယ်လိုမှ အလုပ်လုပ်လို့ မရနိုင်ဘူး။ ဘယ်သူမှလည်း လာမှာမဟုတ်ဘူး။ ဒါကို တဘက်က sanctions တွေလျော့အောင်ဆိုပြီးတော့ ကျနော်တို့ ကိုယ်တိုင် ထွက်ပြောတယ်။ နို့မဟုတ်ရင်တော့ အပြင်က မီဒီယာတွေပြောတဲ့ အထဲမှာ ကောင်းတာတွေပါပါတယ်။ မကောင်းတာတွေလည်း ပါတယ်။ ကိုယ့်နိုင်ငံနဲ့ပတ်သက်လို့ မှန်တာတွေလည်း ပါတယ်၊ မမှန်တာတွေလည်း ပါတယ်။ အဲဒီတော့ ကျနော်တို့ကျတော့ နဖူးတွေ့ဒူးတွေ့ မျက်နှာချင်းဆိုင်တွေ့ကြတော့ ဒီတိုင်းပြည်မှာ တာဝန်ရှိတဲ့သူ တစ်ယောက်က ပြောတယ်ပြုတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် မီဒီယာနဲ့စာရင်တော့၊ မမြင်ရတဲ့သူရေးတာနဲ့စာရင်တော့ ပိုယုံတာပေါ့လေ။”
မြန်မာသမ္မတ အနေနဲ့ အခုလို ကိုယ်တိုင်လာပြီးတော့၊ တွေ့ဆုံပြီး ရှင်းပြ ပြောဆိုမယ်ဆိုရင် အမေရိကန်ပြည်ထောင်စု ဘက်က လက်ခံနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ပြောဆိုသွားတာပါ။
သမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ ၀ါရှင်တန်က သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ညနေမှာတော့ ဗွီအိုအေမှာပြုလုပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး စတဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံပွဲကို တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
မမိုးဖြူ (ဗွီအိုအေ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday 20 May 2013
အမေရိကန်ရဲ့အရေးယူမှုအားလုံး ရုပ်သိမ်းပေးဖို့ မြန်မာသမ္မတတိုက်တွန်းမည်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment