Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

ကာရံမလှပေမယ့် ဒဏ်ရာကင်းတဲ့ကျွန်တော်ကဗျာ


ရင်ခွင်တံခါးကို
အကြင်နာစွမ်းအင်နဲ့
နင်တစ်ယောက်တည်း
ဝင်ခွင့်ရအောင်
နှလုံးသားအဓိဌာန်ဝင်
မေတ္တာတွေ သက်သေထား
ချစ်ခြင်းရဲ့ တန်ခိုးနဲ့
ဘယ်တော့မှမကျိုးမယ့်
နှလုံးသားတံခါးချပ်
 ငါဆောက်ထားတယ် ။

နားလည်မှု့ အမျှင်ထုတ်
သံယောဇဉ်ကြိုးတုတ်တုတ်နဲ့
ငါဆုပ်ထားတဲ့
ချစ်ခြင်းစံပယ်တပွင့်ဟာ
ကမ္ဘာတည်သမျှ
မညှိုးနွမ်းမယ့်
ကဗျာသီတဲ့ ပန်းစံပယ်တစ်ပွင့်ရယ်လို့
ငါ့နှလုံးသား အချစ်သမိုင်းမှာ
မြတ်မြတ်နိုးနိုးရေသီခဲ့မယ် ။

အချစ်ကို အချစ်လို့
နာမည်တပ်နိုင်ယုံလောက်နဲ့
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
လျှာဖျားက အားယားပြီးထွက်လာတာမဟုတ်တော့
အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့
ကြင်နာ မြတ်နိုး
ယုယ တွယ်တာ
နားလည် ပေးဆပ်
မှေးစက်စေချင်တာ
နှလုံးသားမွေ့ယာပေါ်မှာမို့
နှလုံးသွေးနဲ့ရေးတဲ့ကဗျာတိုင်း
နင့်အတွက် အချစ်တွေ အန်ချတဲ့
ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
နင့်စိတ်မှာထား
နှလုံးသားလေးနဲ့ ဖတ်ပေးပါ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့