Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 20 May 2013

သဘာဝဘေးဒဏ် ကာကွယ်ရေးများ ကြိုတင်လေ့ကျင့်မှုကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသည် မဟာစင်မုန်တိုင်းဒဏ်အား ခံနိုင်ရည်ရှိခဲ့


မေလ (၁၆)ရက်နေ့က ၀င်ရောက် မွှေနှောက်ခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းရိုးတန်း ဒေသ တံငါများ နေထိုင်ရာများ ဖြစ်သော ဒေသများရှိ
လူ(၁၄)ဦးထက် မနည်း သေဆုံးခဲ့ပြီး လူတစ်သန်းခန့် နေရာရွှေ့ပြောင်း နေထိုင်ခဲ့ကြရာ ယနေ့တွင် မိမိတို့ နေအိမ်များသို့ ပြန်လည် ရွှေ့ပြောင်းပြီးစီးကြောင်း သတင်းရရှိသည်။

မုန်တိုင်းကြောင့် အပျက်အစီးများ ရှိခဲ့သော်လည်း အစိုးရမှ သဘာဝ ဘေးဒဏ် ကာကွယ်ရေး စနစ်များကို ကြိုတင် လေ့ကျင့်ပေးထား၍ အသေအပျောက် နည်းခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ၀န်ကြီး Sheikh Hasina မှ ပြောကြားခဲ့သည်။ မုန်တိုင်း ကာလအတွင်း ပိတ်ထားခဲ့ကြသည့် ကျောင်းများ ၊ အစိုးရရုံး အဆောက်အဦးများတွင် ၀င်ရောက် ခိုလှုံနေသူများမှာလည်း နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့လာနေပြီ ဖြစ်ပြီး လေဆိပ်များ ၊ ဆိပ်ကမ်းများ ပုံမှန် အနေအထားဖြင့် ယနေ့စတင် လည်ပတ်လျက် ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

http://worldnews.nbcnews.com/_news/2013/05/16/18293160-one-million-flee-...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့