Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 May 2013

အင်လေးကန်စပ်တွင် မြေဖို့သော ဟိုတယ်ကို တားမြစ်

အင်းလေးကန်စပ်တွင် ကန်မြေဖို့နေခြင်းအား ရပ်ဆိုင်းထားရန် ရွှေဟင်္သာဟိုတယ်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဧပြီ ၂၅ ရက်တွင် ရုံးတွင်းအကြောင်းကြားစာပို့ကာ တားမြစ်ခဲ့ကြောင်း ညောင်ရွှေမြို့နယ်အုပ်ချုပ်မှူးရေးရုံးမှ သတင်းရရှိသည်။

အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကန်ရေပြင် မကျဉ်းမြောင်းရန်အတွက် လူကြီးမင်းတို့၏ ဟိုတယ်မှ မြေဖို့ဆောင်ရွက်နေခြင်းကို ချက်ချင်းရပ်ဆိုင်းထားရန် အကြောင်းကြားပါကြောင်း ဟိုတယ်ပိုင်ရှင်ဦးလှရွှေအား လိပ်မူပြီး လွဲစာများကို မြို့နယ် အာဏာပိုင်များမှတစ်ဆင့် အင်းလေးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးအပါအ၀င် သက်ဆိုင်သည့် ဌာနဆိုင်ရာများကို အကြောင်းကြားစာ ပို့ထားကြောင်း ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

“အုပ်ချုပ်ရေးဘက်က တိုင်စာပို့ထားလို့ ယာယီတားတာပါ” ဟု ညောင်ရွှေအုပ်ချုပ်ရေးမှူးက ပြောသည်။ ရွှေဟင်္သာဟိုတယ် အသစ်တည်ဆောက်ရေးအတွက် ယခု မြေဖို့နေသော နေရာသည် မိုးရာသီတွင် ကန်ရေပြင်ဖြစ်ပြီး နွေရာသီတွင် ကန်စပ်ဖြစ်ပေါ်လျက်ရှိသည်။ မြေဖို့နေခြင်းမှာ အချိန်ကြာမြင့်နေပြီး ဒေသခံ အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် သက်ဆိုင်သည် ဌာနဆိုင်ရာ ရှစ်ခုကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး နောက်တစ်ပတ်အတွင်း ထိုစာထွက်ပေါ်လာခြင်းဖြစ်သည်။

“ဟိုတယ်ခရီးဝန်ကြီး လာတုန်းက မြေမဖို့ဖို့ ပြောသွားတယ်။ ဒါပေမဲ့လည်း ဖို့နေတော့ ဌာနဆိုင်ရာကနေတစ်ဆင့် အကြောင်းကြားစာပို့တာပါ။ မလိုက်နာဘူးဆိုရင် ဆန္ဒပြဖော်ထုတ်ဖို့ စိတ်ကူးထားတယ်။ သူတို့ အဲဒီလိုမျိုးလုပ်
နေကြရင် အင်းသားတွေက ကန်ထိန်းသိမ်းဖို့ကြတော့ ငါတို့ကိုကျတော့ပြောနေပြီး သူတို့ထင်သလို လုပ်နေတယ်လို့ မြင်ကြလိမ့်မယ်” ဟု အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဖြစ်သူကပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ကန်မြေဖို့နေခြင်းနှင့်ပတ်သက်ပြီး ဟိုတယ်ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နှုတ်စကားဖြင့် ကန်ထိခိုက်မည့် လုပ်ရပ်များ မလုပ်ကြရန် ပြောကြားခဲ့သော်လည်း ကန်မြေဖို့မှုကို ရပ်ဆိုင်းထားခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

7Day News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့