Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

မောင့်  အတွက် .....ကြာ




အကိုင်းခက်  လက်မဖြာ

တစ်ရိုးတံ မှာ တစ်လွှာဝင့် 

တစ်ပွင့် တည်း ပွင့်တဲ့ ပန်းပါ.... မောင်



ညစ်ကြေးနွံ ဖြတ်သန်းပြီး

ကြည်လင်တဲ့  မေတ္တာရေပြင် မှာလန်းဆန်းစွာနဲ့ 

မောင့် နှမ ကြာပန်းဖြူ တစ်ပွင့် 

ငှားငှားစွင့် စွင့် လို့  တင့်နေပါရဲ့ ကွယ်....



ဒါပေမယ့် ပြောမယ် ..မောင်

လှပတဲ့  ဒီကြာပန်း

လွယ်လွယ် နဲ့  လက်ကိုကမ်း

အသာအယာ ဆွတ်ခူးလို့  တော့ လှမ်းမရနိုင်ဘူးလေ....



နက်ရှိင်း တဲ့  ကန်ရေပြင်

ဇွဲမာန်တင် လုံ့ လစိုက်လို့ 

ဖြတ်ကျော်ကာ ကူးခတ်သွား

ကြာပွင့် နား တော့ ရောက်အောင်

လာခဲပေါ့့ .....မောင်



ကြာပန်းနွယ်  အလှပဂေး  က

မောင် အဆွတ်မှာ ညွတ်တိမ်းပြီး

ဒီကြာကို  မောင်ချိုး ရင်

 မြတ်နိုးစွာ ကြည်ဖြူလို့ 

ညှာတံ  ကြာဆစ်ရိုး ထက် ကနေ

မောင့် နှလုံသားနေရာဘေး

ထာဝရမှေးစက်မယ်နော် ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့