Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 20 May 2013

ကိန်းရုပ်ရှင်ပွဲတော်တက် ငွေကြယ်ပွင့်များအား ဆင်မြန်းမည့် လက်ဝတ်ရတနာများ အခိုးခံရ


၆၆ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်၏ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အတွက် Palme d'Or trophy ဆုပေးပွဲကို ကျင်းပရန်
ပြင်ဆင်လျက် ရှိနေစဉ်အတွင်း Chopard ကုမ္ပဏီပိုင် အမေရိကန် ဒေါ်လာ တစ်သန်းကျော်ဖိုး တန်ဖိုးရှိသော ကျောက်မျက် ရတနာများ အခိုးခံရသည်ဟု သတင်းရရှိသည်။

ကိန်းရုပ်ရှင်ပွဲတော် ကျင်းပရာနေရာမှ ၁၅မိနစ်ခန့် သွားနိုင်သည့် အကွာအဝေးတွင် ရှိသော Novotel ဟိုတယ်တွင် ညနေ ၅နာရီ မတိုင်မီ ရောက်ရှိကာ ခိုးယူသွားခြင်း ဖြစ်သည်။ ကိန်းရုပ်ရှင်ပွဲတော်၏ အဓိက ထောက်ပံ့ပေးသည့် ကုမ္ပဏီ တစ်ခုဖြစ်သည့် Chopard သည် နှစ်စဉ်နှစ်တိုင်းပင် ကိန်းရုပ်ရှင် ပွဲတော်သို့ တက်ရောက်လာသည့် ငွေကြယ်ပွင့်များအား လက်ဝတ်ရတနာများ ငှားရမ်း ဆင်မြန်းပေးလေ့ရှိသည့် ကုမ္ပဏီဖြစ်သည်။ ပြည်နယ် ရဲတပ်ဖွဲ့မှ သူခိုးအား ခြေရာခံမိစေရန် မြို့တွင်းမှ လုံခြုံရေး ကင်မရာများ အားလုံးကို စစ်ဆေးလျက် ရှိသည်။

source- AFP


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့