Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 3 May 2013

ပျောက်ကွယ်သွားလေသော ချစ်သူ


အတွဲညီခဲ့တဲ့ လက်ကလေးတွေ
အဖော်မဲ့သွားခဲ့လိမ့်မယ်လို့
မျှော်လင့်မထားမိတာ င့ါအမှားလား
နှောင်တွယ်ခဲ့တဲ့ သံယောဇဉ်လေးတွေ
ပြတ်တောက်သွားခဲ့လိမ့်မယ်လို့
မျှော်လင့်မထားမိတာ ငါ့အမှားလား
ပျော်ရွှင်ခဲ့တဲ့ အချိန်ကလေးတွေ
ကုန်ဆုံးသွားခဲ့လိမ့်မယ်လို့
မျှော်လင့်မထားမိတာ ငါ့အမှားလား
ဖေးမခဲ့တဲ့ မေတ္တာတရားတွေ
ပျောက်ကွယ်သွားခဲ့လိမ့်မယ်လို့
မျှော်လင့်မထားမိတာ ငါ့အမှားလား
တကယ်ဆိုဟာ
ငါမျှော်လင့်မထားမိတဲ့ အရာတိုင်းအတွက်
နင် အချက်လေးတော့ ပြခဲ့သင့်တယ်မဟုတ်ဘူးလား
အခုတော့ အစ အလယ် အဆုံး
နင့်ဆုံးဖြတ်ချက်တစ်ခုပဲ
အတည်ဖြစ်ခဲ့လေသမျှ
ကျန်ရစ်ခဲ့တဲ့ ငါဆိုတာ
နင့်အတွက် မလိုချင်ရင် ပစ်ချထားခဲ့လို့ရတဲ့
ကစားစရာ အရုပ်သာသာဆိုတာ
သိခဲ့ရတော့.....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့