Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 1 May 2013

အပူဒဏ်ကြောင့် ငါးနှင့်ကြက်များသေဆုံး

အပူရှိန် မြင့်မား နေသော ကြောင့် ရေတာ ရှည်နှင့် မြင်းခြံမြို့တို့တွင် မွေးမြူရေးငါးနှင့် ကြက်အချို့ သေဆုံးမှုများ ရှိနေကြောင်း ဒေသခံ မွေးမြူရေး လုပ်ငန်း ရှင်များထံမှ သတင်း ရရှိသည်။

ပဲခူးတိုင်း ဒေသကြီး ရေတာ ရှည်မြို့နယ် ဇီးဖြူကုန်း ကျေးရွာရှိ ငါးမွေးကန်များတွင် ဧပြီ တတိယပတ်မှ စတင်၍ တစ်ပိဿာခန့်ရှိ ငါးကြီးများ နေ့စဉ် သေဆုံးနေပြီး တစ်နေ့လျှင် ပိဿာ ၃၀ ခန့်အထိရှိရာ ငွေကြေးအနေဖြင့် နေ့စဉ်ကျပ်တစ်သိန်း ခွဲခန့် ဆုံးရှုံးမှု ရှိကြောင်း ဒေသခံ ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးအောင်စိုးကပြောသည်။

အလယ်ပိုင်းဒေသ မြင်းခြံမြို့ရှိ ကြက်ခြံအချို့တွင်လည်း အပူချိန်မြင့်တက်၍ ရုတ်တရက်သေဆုံးသောရောဂါ (Heat Stroke) ဖြင့် ကြက်အချို့သေဆုံးမှုဖြစ်နေပြီး နေ့လယ်ဘက်တွင် ကြက်ခြံများပေါ်သို့ ရေမောင်းတင်၍ အပူဒဏ်
သက်သာရန် ပြုလုပ်ပေးနေရကြောင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော ဦးအုန်းလှိုင်က ပြောသည်။

“ဒီရက်ပိုင်း တရုတ်က ကြက်တုပ်ကွေး ကောလာဟလကြောင့် ကြက်သားဈေးရော၊ ကြက်ဥဈေးပါ ကျတယ်။ မီးမလာလို့ ရေမောင်းတင်ရပြန်တော့လည်း ကုန်ကျစရိတ်တွေ ပိုများတယ်။ ၂၀၁၀ တုန်းကလို တစ်ခြံလုံး ဆုံးရှုံးမှုမဖြစ် ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၀ ပြည့်နှစ်က အိမ်နီးချင်း နိုင်ငံများမှ ပျံ့နှံ့လာသော ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ် H5N1 ကို မြင်းခြံမြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် စတင်တွေ့ရှိခဲ့သောကြောင့် အဆိုပါခြံမှ ကြက်များအားလုံးကို မြေမြှုပ်ရှင်းလင်းပစ်ရသော ဖြစ်စဉ်ရှိခဲ့ဖူးသည်။

“အပူချိန်အရမ်းမြင့်လာပြီဆိုရင် လျှော့ချနိုင်တဲ့ နည်းလမ်းကတော့ ပတ်ဝန်းကျင်ကနေ ဖန်တီးပေးရမှာပါ။ အရိပ်ရဖို့နဲ့ လေ၀င် လေထွက်ကောင်းအောင် ဂရုစိုက်နိုင်ပါမှ ဆုံးရှုံးမှုနည်းမှာပါ” ဟု တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြင်းခြံမြို့နယ် ဦးစီးအရာရှိကပြောသည်။

7Day News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့