Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

ကျပ် ၁၅၀၀ တန် ဆင်းကတ်တန်းစီဖို့ လာရာက် စောင့်ဆိုင်းရင်း မူးလဲကာ သေဆုံးမှု

ကျပ် ၁၅၀၀ တန် ဆင်းကတ်တန်းစီဖို့ လာရာက် စောင့်ဆိုင်းရင်း မူးလဲကာ သေဆုံးမှုတစ်ခု မေလ ၂၀ရက် မနက် ၃ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပါတ်ကုန်းဝန်းကျင် ရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူဟာ အကွက် ၇၃၃ နေ အသက် ၄၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မသေဆုံးခင် အရက်သောက်ထားကာပုရစ်ကြော်စားထားတယ်လို့ သေဆုံးသူအမျိုးသားရဲ့ ဇနီးကပြောကြောင်း ပါတ်ကုန်းဝန်ကျင်ရပ်ကွက်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စတင်မူးလဲကျတာ မေလ ည၇ နာရီခွဲခန့်ဖြစ်ပြီး ယနေ့ မနက် ၃ နာရီခန့်မှာ သေဆုံးသွာတယ်လို့ဆိုပါတယ်။

“အရက်နဲ့ ပုရစ်ကြောင့် ဦးနှောက်သွေးကြောပြတ်သွားတယ်ထင်တယ်။သူ့လက်ထဲမှာ မူးကျတုန်က ဖုန်းတန်းစီဖို့ အိမ်ထောင်စု မှတ်ပုံတင်လည်းပါတယ်။ သူဘာသူ သေဆုံးလို့ အမှုဖွင့်ထားတာမျိုးတော့မရှိပါဘူး”လို့ ပါတ်ကုန်းဝန်ကျင်ရပ်ကွက်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

The Modern News Journal

မေလ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ရောင်းချပေးမယ့် ၁၅၀၀တန် တန်ဘိုးနည်း ဖုန်းများကို ၁၉ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကတည်း မျန္တလေးမြို့ပေါရှိ ရက်ကွက် အုပ်ချုပ်ရေးမှုးရုံးများမှာ တန်းစီ စောင့်ဆိုင်းနေကြတာကို အခုလို တွေ့ရှိရပါတယ်။ ရက်ကွက်ရုံးတွေမှာ စုံစမ်းမေးမြန်းကြည့်တဲ့အခါ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ ချထားပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ အထက်အမိန့်အရ ရောင်းချမယ့် ပုံစံတွေလည်း ပြောင်းသွားနိုင်တယ်လို့ ဖြည့်စွက် ပြောကြားသွားပါတယ်။ (သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ) ဒီဗွီဘီ



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့