Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

ကမ်းမဲ့လှေ


လောင်းရိပ်မိပန်းတို့

ပွင့်လန်းချိန်နီးခါမှ


အဆိပ်သင့်လေပြေတို့


ဟိုတစ်စဒီတစ်စ ပျံ့ကျဲအလာ


အသက် ၊ အသက်တွေ


ယဲ့ယဲ့လေး ပြုံးနေလေရဲ့။


ကမ္ဘာမြေနာရေးသတင်းက


နှလုံးသွေးများဆူပွက်စေခဲ့


ကလေးတစ်ယောက်လို


နားပူနားဆာတိုက်ရမယ်ဆို


အေးမြတဲ့လေညင်းနဲ့


ချိုးဖြူငှက်တစ်သင်းကို


ငါ......လိုချင်မိပေါ့။


အို......ဘုရားသခင်


သစ္စာ၊မေတ္တာ ၊ ကရုဏာတို့


ဘယ်ချောင်ထဲပုန်းခိုနေခဲ့ပြီလဲ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့