Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

""ပြန်ခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား""


စာပေပရိယတ် ၊ ကျမ်းဂန်တတ်မှ

မြင့်မြတ်ပေမည် ၊ ကြံတွေးရည်၍

ထိုဤ မြို့သို့ ၊ သားတော်ပို့သည်

လွမ်းလို့ နေရပါတယ်ဘုရား။
အခုဆိုရင်ကား ၊ မြို့တက်သွားတာ
ကြာလည်းကြာပြီ-
စာတွေအများကြီး ၊ တတ်လို့နေရောပေါ့--။


ဖခမည်းနှင့် ၊ သားကြီးမယ်တော်

နေ့စဉ်မျှော်၍.........

ပေါ်လာလိမ့်နိုး ၊ လာလိမ့်နိုးဖြင့်

လက်ချိုးရေတွက် ၊ နေရပါတယ်ဘုရား။


မြေးသားနုထွေး ၊ ငယ်နုသေးသည့်

ကလေးအများ ၊ ချောင်းကြိုကြားမှာ

ငါးရှာ,ဖားရိုက် ၊ ကစားလိုက်နှင့်

ငယ်ခိုက်ချိန်လေး ၊ စာနှင့်ဝေးသည်

တွေးတိုင်း ရင်လေးနေမိပါတယ်ဘုရား.....


ရပ်သူရွာသား ၊ လူအများမှာ

တရားရေအေး ၊ တိုက်ကျွေးမည့်သူ
မရှိမူ၍ ၊ လူသည် လူ့အသိ
မရှိကြတော့ပါဘုရား.........၊


သားတော်ငယ်ပေါင်း ၊ ရွာကကျောင်းမှာ

ကျောင်းသားကိုပင် ၊ မတွေ့မြင်ခဲ့

ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်...။ ။


သာမဏေ၀ါဝင်း ၊ မရှိကင်းသော်

ပဉ္ဇင်းဘယ်မှာ ၊ ဖြစ်ထွန်းပါလိမ့်

ပင်မှာသက်သက် ၊  ခက်လက်မဖြာ

သာသနာလျှင် ၊ ရောင်ဝါမလင်းနိုင်တော့ပါဘုရား။


သာသနာရင်းမြစ် ၊  တောကဖြစ်လျှက်

တောပစ် မြို့ပေါ် ၊ သားတော်ပျော်က

တော်မတော်ပင် ၊  ကြံတွေးဆင်၍

လျှင်လျှင်မြန်မြန် ၊ တောရပ်ထံသို့

ပြန်ခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့