Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

လူပေါင်း ၆၀ကျော် ဒဏ်ရာ ရရှိထိခိုက်ခဲ့သည့် အမေရိကန်မှ ရထားတွဲ မတော်တဆမှု


မေလ (၁၆)ရက်နေ့တွင် ဘောလုံးလောကသားများနှင့် ဘောလုံး ပရိသတ်များအား အံ့သြသင့်သွားအောင် ဘောလုံးလောကမှ အနားယူတော့မည့် ကြေညာချက် တစ်ရပ်
ထုတ်ပြန်ခဲ့သည့် အင်္ဂလန် အသင်းမှ ဒေးဗစ်ဘက်ခမ်းအား ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်မှ ပဉ္စလက်ဆန်တဲ့ ကန်ချက်များနှင့် ဖရီးကစ်ဂိုးများကို သွင်းပေးနိုင်ခဲ့သည့်သူ့ကို ပရိသတ် အားလုံးမှ အမှတ်ရနေမှာပါ၊ အနားယူချိန်မှာ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်ဟု ချီးကျုး ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တစ် အသင်းနည်းပြမှ မကြာခင်က အနားယူသွားသည့် Sir Alex Ferguson မှလည်း ဒေးဗစ်ဘက်ခမ်းသည် မယုံကြည်နိုင်လောက်အောင် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချသွားသူ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူသည် ၁၉၉၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း ၁၁ နှစ်ကြာ နည်းပြ Ferguson လက်အောက်တွင် ကစားခဲ့ဖူးသူ ဖြစ်သည်။ ဘက်ခမ်းသည် Paris St-Germain's အသင်း၏ စာချုပ်သက်တမ်း တိုးမြှင့် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူသည် အင်္ဂလန် အသင်းအတွက် ၁၁၅ပွဲ ကစားပေးပြီး အင်္ဂလန် ဘုရင်မမှ ချီးမြှင့်အပ်နှင်းသည့် Order of the British Empire- OBE ဘွဲ့ကို ရရှိထားသူ ဖြစ်သည်။ ဘက်ခမ်း၏ ဘောလုံး ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ကို မေလ ၂၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ Stade du Moustoir ကွင်းတွင် FC Lorient  နှင့် ကစားသွားမည် ဖြစ်သည်။

http://www.bbc.co.uk/sport/0/football/22573050


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့